A d v e r t i s e m e n t With Us

စဉ့်ကိုင်မြို့တွင် ကျပ် သိန်း ၈၀၀ ကျော်တန် အမှိုက်မီးရှို့စက်တည်ဆောက်မည်

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့မှာ  ငွေကျပ် သိန်း ၈၀၀ ကျော်တန်ဖိုးရှိတဲ့ အမှိုက်မီးရှို့စက် တည်ဆောက်ဖို့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီမှာ ဘတ်ဂျက်လျာထားတယ်လို့  တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးလှိုင်ဝင်းက ပြောပါတယ်။ တည်ဆောက်မယ့် မြေနေရာကို စဉ့်ကိုင်မြို့ရဲ့အနောက်ဘက်မှာ ပြီးခဲ့တဲ့နှစ်ကတည်းက ဝယ်ယူထားရှိခဲ့ပြီး မန္တလေးတိုင်းစည်ပင်သာယာရေးအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ အတူ လာမယ့် ဘဏ္ဍာနှစ်မှာ ၁ ရက်ကို အမှိုက် ၁၀ တန်ကျ အမှိုက်မီးရှို့စက်ကို တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။ လာမယ့် တတိယအကြိမ်လွှတ်တော်မှာ ဒီဘတ်ဂျက်ကို အတည်ပြုပြီးတာနဲ့ ၁၀၀ ရာခိုင်နှုန်း ပြီးစီးအောင် တည်ဆောက်သွားမယ်လို့ သိရပါတယ်။ မြို့နယ်အတွင်း အမှိုက်စွန့်ပစ်ရာမှာ မြေနေရာအခက်အခဲဖြစ်နေတဲ့အပေါ် အဓိက ဖြေရှင်း ပေးနိုင်ဖို့နဲ့ အမှိုက်အစုံစွန့်ပစ် ဖျက်ဆီးတာတွေနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေကို  ဖြေရှင်းပေးနိုင်လိမ့်မယ်လို့  လွှတ်တော်အမတ် ဦးလှိုင်ဝင်းက ပြောပါတယ်။ ကျောက်ဆည်ခရိုင်အတွင်းက မြို့နယ် ၄ မြို့နယ် အနက် မြစ်သားမြို့နယ်က ပထမဆုံး အနေနဲ့ အမှိုက်မီးရှို့စက်ကို တည်ဆောက်ထားပြီ  ဖြစ်ပါတယ်။ သတင်း - နွေလှိုင်း(YU)၊ ဓာတ်ပုံ -  ကိုမင်းအောင်မြင့်

A d v e r t i s e m e n t With Us

More News
Up