A d v e r t i s e m e n t With Us

နည်းပြပိုချက်တီနို ပီအက်စ်ဂျီအသင်းကို တာဝန်ယူပြီး ၃ ပွဲမြောက်ပွဲစဉ်တွင် ဆုဖလား ဆွတ်ခူး 

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဟာ မနေ့က ကစားခဲ့တဲ့ မာဆေးလ်အသင်းနဲ့ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့  အနိုင်ရရှိခဲ့ပြီး Trophee des ဖလားကို သိမ်းပိုက်နိုင်လိုက်ပါတယ်။  ပိုချက်တီနိုအတွက် ပီအက်စ်ဂျီအသင်းကို တာဝန်ယူပြီး ၃ ပွဲမြောက်ပွဲစဉ်မှာတင် အခုလိုမျိုး ချန်ပီယံဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။  ဒီပွဲမှာပီအက်စ်ဂျီအသင်းအတွက် ဦးဆောင်ဂိုးကို အီကာဒီက သွင်းယူပေးခဲ့ပြီး ဒဏ်ရာက ပြန်လာတဲ့ နေမာက ပင်နယ်တီကနေ တစ်ဆင့်ဒုတိယမြောက်ဦးဆောင်ဂိုးကို ရယူပေးခဲ့ပါတယ်။ မာဆေးလ်အသင်းအတွက် တစ်လုံးတည်းသော နှစ်သိမ့်ဂိုးကို ပါယတ်က သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ်။  ဒီပွဲမှာ အသင်းခေါင်းဆောင် မာကွင်ဟို့စ်အတွက် ပီအက်စ်ဂျီကစားသမားဘဝ ပွဲ ၃၀၀ မြောက်ဖြစ်ပြီး ဒီအခိုက်အတန့်ကိုအနိုင်ရလာဒ်အပြင်ချန်ပီယံဆုနဲ့ ကျင်းပနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်မိတယ်လို့ မာကွင်ဟို့စ်က ပြောပါတယ်။  “ကွင်းထဲမှာရှိနေရတာနဲ့ ပွဲကိုနိုင်ပြီး ချန်ပီယံအဖြစ်အောင်ပွဲခံနိုင်ခဲ့တာ အရမ်းကိုကောင်းပါတယ်။ ဒါ့ကြောင့်လဲ ပီအက်စ်ဂျီအသင်းကို ပြောင်းရွေ့ခဲ့တာပါ။ နည်းပြသစ်နဲ့ ဖလားသစ်ပေါ့။ ပြိုင်ပွဲတွေစတင်နေချိန်မှာအ ပြောင်းအလဲလုပ်ဆောင်ရတာ တကယ်တော့ မလွယ်ကူပါဘူး။ ပိုချက်တီနိုဟာ သူမတူတဲ့နည်းပြ တစ် ယောက်ပါ။ သူဟာကစားသမားတွေကို သူဘာလိုချင်လဲဆိုတာ သေသေချာချာပြောဆို ရှင်းပြတတ်သူပါ” လို့ မာကွင်ဟို့စ်က ပြောပါတယ်။  ပီအက်စ်ဂျီနဲ့ မာဆေးလ်အသင်းတို့ရဲ့ လီဂူးပွဲစဉ်တွေ့ဆုံမှုမှာတော့ မာဆေးလ်အသင်းက ၁ ဂိုး ဂိုးမရှိ နဲ့အနိုင်ရရှိခဲ့ပါတယ်။  ဒီပွဲမှာ ၂ ဖက်ကစားသမား ၅ ဦးအထိ အထုတ်ခံခဲ့ရပြီး ရန်ပွဲတွေ၊ လူမျိုးရေးခွဲခြားမှုစွပ်စွဲ ချက်တွေရှိခဲ့တာကြောင့် မနေ့ကပွဲစဉ်ဟာလည်း ပွဲကြမ်း တစ်ပွဲဖြစ်လိမ့်မယ်လို့ မျှော်လင့်ခဲ့ ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up