သမ္မတ ထရမ့်အပေါ် စွပ်စွဲပြစ်တင်ရန် အောက်လွှတ်တော်သဘောတူ

81
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို စွပ်စွဲပြစ်တင်တဲ့ သဘောတူညီချက်ကို အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီက ဇန်နနဝါရီ ၁၃ ရက်မှာ အတည်ပြု လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဒီသဘောတူညီချက်ကို အထက်လွှတ်တော်ဆီ ဆက်လက်ပေးပို့ပြီး စွပ်စွဲပြစ်တင်မှုအတွက် စစ်ဆေးမှုတွေ လုပ်သွားဖို့ရှိပါတယ်။
တပြိုင်နက်ဆိုသလို အဲဒီနေ့ညနေမှာပဲ သမ္မတ ထရမ့်က တွစ်တာကနေ ဗွီဒီယို ထုတ်လွှင့်ခဲ့ ပါတယ်။ ဗွီဒီယိုထဲမှာတော့ သူ့အပေါ် စွပ်စွဲပြစ်တင်တဲ့ အကြောင်းကို မပြောဆိုဘဲ ကွန်ဂရက် အကြမ်းဖက်ခံရတာကိုပဲ အဓိကထားမှတ်ချက်စကား ပြောခဲ့ပါတယ်။
အဲဒီအချိန် ကွန်ဂရက်လွှတ်တော်အဆောက်အအုံမှာ ဝတ်စုံပြည့်လုံခြုံရေး အများအပြား ချထားပြီး စင်္ကြံလမ်းတွေမှာလည်း တခြားလုံခြုံရေးတွေ တန်းစီ နေရာယူထားပါတယ်။
ဇန်နဝါရီ ၆ ရက်ကဖြစ်ခဲ့တဲ့ ကွန်ဂရက်အကြမ်းဖက်ခံရမှုနောက်ပိုင်း ကွန်ဂရက် လွှတ်တော် အဆောက်အအုံကို အမျိုးသားအစောင့်တပ်တွေက ၂၄ နာရီ စောင့်ကြပ် နေပါတယ်။
တာဝန်ပြီးဆုံးတဲ့ အစောင့်တပ်ဖွဲ့တွေဟာလည်း စင်္ကြံလမ်းတွေနဲ့ အမေရိကန်ရဲ့ ပထမဆုံး သမ္မတ ဂျော့ဝါရှင်တန်ကိုယ်တပိုင်း ရုပ်တုအောက်မှာ ခေတ္တအနားယူကြပါတယ်။