A d v e r t i s e m e n t With Us

တရုတ်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၁၅ ဦးရှိလာ 

People line up to get their nucleic acid test in the courtyard of a hospital following the outbreak of the coronavirus disease (COVID-19) in Beijing, China, January 13, 2021. REUTERS/Thomas Peter
တရုတ်နိုင်ငံမှာ ၅ လကျော်ကာလအတွင်း နေ့စဉ် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံဦးရေ အများဆုံးအဖြစ် ဇန်နဝါရီ ၁၃ ရက်မှာ  အသစ်ကူးစက်ခံရသူ ၁၁၅ ယောက် ရှိပါတယ်။ တရုတ်နိုင်ငံမှာ ရောဂါ ကူးစက်မှု နောက်တလှိုင်း စလာမှာကို တားဆီးဖို့ ရည်ရွယ်ပြီး ကူးစက်ခံ ဟုတ်၊ မဟုတ် စစ်ဆေးတာတွေ၊ တခြားလုပ်ဆောင်ချက်တွေကို တိုးလုပ်ခဲ့ပါတယ်။ လူနာအသစ်အများစုဟာ မြို့တော် ပေကျင်းနားက ဖြစ်ပြီး ဟော်ဘေးပြည်နယ်မှာ ရောဂါအသစ်ကူးစက်မှု အယောက် ၉၀ ရှိခဲ့တာပါ။ နိုင်ငံအရှေ့မြောက်ပိုင်းက ဟေလောင်ကျန်းပြည်နယ်မှာ အသစ်ကူးစက်ခံ ၁၆ ယောက် တိုးလာတာကို အမျိုးသားကျန်းမာရေးကော်မရှင်က ဒီကနေ့ ထုတ်ပြန်တဲ့ တရားဝင် သတင်းအချက်အလက်တွေက ဖော်ပြထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က စုံစမ်းစစ်ဆေးသူတွေက ကပ်ဘေးစတဲ့ မူရင်းဇာစ်မြစ်ကို အတည်ပြုဖို့ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကို မနက်ဖန် ရောက်လာတော့မှာပါ။ ဗိုင်းရပ်စ်ရဲ့ ဇာစ်မြစ်နဲ့ပတ်သက်လို့ အချက်အလက် အများအပြားကို မသိသေးဘဲ ရှိနေဆဲပါ။ တရုတ်ဟာ ကနဦး တုံ့ပြန်ဖို့ နှောင့်နှေးဖုံးကွယ်ခဲ့ပြီး ဗိုင်းရပ်စ် ပျံ့နှံ့ဖို့ ခွင့်ပြုခဲ့သလား ဆိုတဲ့ သံသယအပေါ် ဆတ်ဆတ်ထိမခံနိုင် ဖြစ်နေခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။ တရုတ်နိုင်ငံခရီးစဉ်ကနေ စုံစမ်းစစ်ဆေးရေးအဖွဲ့က ကောက်ချက်ချနိုင်လောက်တဲ့ အဆင့်ထိ ရောက်ဖို့ မျှော်လင့်ချက်နည်းတယ်လို့  WHO က ကျန်းမာရေးပညာရှင် တယောက်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up