Home
သတင်းဓာတ်ပုံ
မန္တလေးမြို့တွင် သံဃာတော်များ ဆွမ်းခံ ပြန်လည်ကြွရောက် (ဓာတ်ပုံ) 
DVB
·
January 13, 2021
138369324_1367210823643677_7129941995742196772_o
138346696_1367211310310295_1517799712347976406_o
137217302_1367211876976905_3349366948537723991_o
137208591_1367210566977036_8588508105752961738_o
137024604_1367211146976978_223568435920837092_o
136983973_1367211010310325_2408171498177351585_o
136483014_1367211416976951_8830849421983180539_o
136363301_1367210436977049_6181603959952715668_o
မန္တလေးမြို့မှာ လတ်တလောမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့ကျလာတာကြောင့် ဘုန်းကြီးကျောင်းတိုက်တချို့က သံဃာတော်တွေဟာ မြို့ထဲမှာ ပြန်လည်ပြီး ဆွမ်းခံကြွရောက်နေကြပြီ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ဘေးကာလအတွင်း မန္တလေးမှာ ရောဂါကူးစက်မှု မြင့်တက်ခဲ့တာကြောင့် ဘုန်းတော်ကြီး ကျောင်းတိုက်တချို့က ဆရာတော် သံဃာတော်တွေအနေနဲ့ ဆွမ်းခံကြွရောက်တာကို ရပ်နားထားခဲ့တာပါ။ မန္တလေးတိုင်းအတွင်းမှာတော့ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်နဲ့ ကျေးရွာတွေရှိ တန်ခိုးကြီးဘုရားတွေ၊ စေတီပုထိုးတွေကို ဖူးမြော်ခွင့် မပြုသေးတဲ့အပြင် လူစုလူဝေး အများအပြားနဲ့ ကျင်းပမယ့် ဘာသာရေးဆိုင်ရာ အခမ်းအနားတွေ၊ ဘုရားပွဲတော်၊ တရားပွဲ၊ တရားစခန်း၊ ဝတ်ပြုဆုတောင်းပွဲ၊ ရဟန်းခံရှင်ပြုပွဲ၊ မင်္ဂလာဧည့်ခံပွဲအပါအဝင် ပွဲလမ်းသဘင်တွေ ကျင်းပခြင်းမပြုကြသေးဖို့  ဥပဒေနဲ့ တားမြစ်ထားတာဖြစ်ပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ကိုဗစ်ကပ်ရောဂါကာလအတွင်း သံဃာတော်တွေ ဆွမ်း၊ ကွမ်းအခက်အခဲ မဖြစ်စေဖို့ မန္တလေးခရိုင်အတွင်းက ဘုန်းတော်ကြီးကျောင်းတိုက်ကြီးတွေကို ဆွမ်းဆန်နဲ့ လှူဖွယ်ပစ္စည်းတချို့ ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ သတင်း - ထိန်ထိန်လင်း  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024