Friday, June 9, 2023
HomeLead Storyပန်းချီကိုနော်၏ BORN အမည်ရှိ တကိုယ်တော်ပန်းချီပြပွဲ (ဓာတ်ပုံ)

ပန်းချီကိုနော်၏ BORN အမည်ရှိ တကိုယ်တော်ပန်းချီပြပွဲ (ဓာတ်ပုံ)

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ မန္တလေးတိုင်း၊ ညောင်ဦးမြို့ရှိ  MPP Art Gallery မှာ ပန်းချီကိုနော်ရဲ့ BORN အမည်ရှိ  ပန်းချီပြပွဲကို ဒုတိယအကြိမ် ဖွင့်လှစ်ပြသနေပါတယ်။

ပန်းချီကိုနော်ရဲ့ မွေးနေ့နဲ့ တိုက်ဆိုင်ကျင်းပတာလည်း ဖြစ်ပြီး အခရိုင်းလစ် တမျိုးတည်းနဲ့ ရေးဆွဲထားတဲ့ ဒီပန်းချီကားတွေကို  ဇန်နဝါရီ ၁၃ ရက်မှ  ၁၉ ရက်အထိ ၇ ရက်ကြာ ပြသသွားမှာ ဖြစ်ပါတယ်။ 

ပန်းချီကား အရွယ်အစား အကြီး အသေးအလိုက် ကားတကားကို ကျပ် ၁ သိန်းကနေ သိန်း ၂၀ အထိ  သတ်မှတ်ထားပြီး  ပန်းချီကားပေါင်း ၃၂ ကားကို ပြသထားပါတယ်။ ကိုဗစ်ကာလ ကျန်းမာရေးစည်းကမ်းတွေနဲ့ညီအောင် ပြခန်းကို စီစဉ်ထားတယ်လို့  ပန်းချီကိုနော်က ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular