Home
မြန်မာသတင်း
ဖလမ်းမြို့တွင် လူနေအိမ် ၆ လုံး မီးလောင်၊ အမျိုးသမီး ၂ ဦး သေဆုံး
DVB
·
January 12, 2021
136435463_419309926052334_256775421588482246_n
136352691_419309899385670_7387434221929846859_n
136721713_419310019385658_3911661120195531062_n
136714273_419309872719006_5623442998209524194_n
136681212_419309819385678_8654631852660130605_n
136135742_419309839385676_3270484277504130786_n
ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်မှာ ဇန်နဝါရီ ၁၂ ရက် ဒီနေ့မနက် ၄ နာရီကျော်လောက်က  လူနေအိမ် ၆ လုံး မီးလောင်ပြီး အမျိုးသမီး၂ ဦးသေဆုံးသွားပါတယ်။ လျှပ်စစ်နဲ့ အပူပေးစက်အသုံးပြုရာကနေ အပူလွန်ကဲပြီး မီးလောင်ကျွမ်းရတာဖြစ်တယ်လို့ ဖလမ်းခရိုင် မီးသတ်ဦးစီးမှူး ဦးစာရုံမန်းက ပြောပါတယ်။ "လျှပ်စစ်နဲ့ အပူပေးစက်ကိုအသုံးပြုရာမှာ အပူလွန်ကဲပြီး မီးစတင်လောင်တာပါ။ အိမ်ကိုပါ ကူးစက်လောင်တော့ အဲ့ဒီနေအိမ်က အမျိုးသမီး နှစ်ယောက်လုံး ထွက်စရာမရှိဖြစ်ပြီး သေဆုံးသွားတယ်”။ မီးလောင်ရာနေရာကို မီးငြိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၆ စီးနဲ့အတူ မီးသတ်တပ်ဖွဲ့ဝင် ၆၀ လောက်နဲ့ ပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် ၆ လုံး နဲ့ အိမ်တွင်းရှိပစ္စည်းတွေ ဆုံးရှုံးခဲ့ပြီး တန်ဖိုးငွေ စုစုပေါင်း ကျပ်  ၈၅၀၀၀၀၀  ဖိုးလောက်  ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။ မီးလောင်ကျွမ်းမှုနဲ့ လူသေဆုံးခဲ့တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ရှင် ဒေါ်မန်းလှယ်ဇိန်းအသက် ၆၇ နှစ်ကို ဖလမ်းမြို့မရဲစခန်းက ပုဒ်မ ၂၈၅/၃၀၄ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း ချင်းပြည်နယ် ဟားခါးမြို့မှာ လူနေအိမ် ၃ လုံးမီးလောင်ပြီး အမျိုးသား ၁ ဦးသေဆုံးခဲ့ပါသေးတယ်။ သတင်း - ရန်နိုင်စိုး၊ ဓာတ်ပုံ - ဖလမ်းမြို့နယ်မီးသတ်၊ဖလမ်းပြန်ဆက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024