ရော့ခ်ညီနောင် လေးဖြူ၊ အငဲ အွန်လိုင်းရှိုးပွဲ ကြည့်ရှုနိုင်
DVB
·
January 12, 2021
နာမည်ကြီးအဆိုတော် ရော့ခ်ညီနောင် ၂ ဦးဖြစ်တဲ့ လေးဖြူနဲ့ အငဲတို့ သီဆိုဖျော်ဖြေကြမယ့် Stay Home Live အွန်လိုင်းဂီတဖျော်ဖြေပွဲကို လာမယ့် ဇန်နဝါရီ ၃၁ ရက်မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။
ဒီရှိုးပွဲကိုတော့ 365plus က စီစဉ်ပြီး လက်မှတ်တွေကို စတင်ရောင်းချနေပြီဖြစ်ကာ Early Bird လက်မှတ်တွေကို ၁၀၀၀ ကျပ်နဲ့ လာမယ့် ၂၁ ရက်နေ့ထိ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ၂၂ ရက်နေ့ကစပြီး နောက်ပိုင်းမှာ ဝယ်ယူမယ်ဆိုရင်တော့ ပုံမှန်လက်မှတ်ဈေးနှုန်း ၃၀၀၀ ကျပ်နဲ့ ဝယ်ယူကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
လက်မှတ်ဝယ်ယူဖို့အတွက်ကတော့ 365plus Application အတွင်းမှ တိုက်ရိုက် ဝယ်ယူ ငွေပေးချေနိုင်သလို Application မှ Stores Payment ကိုရွေးချယ်ပြီး နီးစပ်ရာ ABC, G&G, City Express တို့လို စတိုးဆိုင်တွေမှာလည်း QR Code ပြသပြီး ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုတွေ ရှိလာခဲ့ပြီးချိန်ကစလို့ နိုင်ငံအနှံ့ ပွဲလမ်းသဘင်အခမ်းအနားတွေ ကျင်းပတာမျိုးတွေ ပိတ်ပင်ထားခဲ့တာမို့ နောက်ပိုင်းမှာ အွန်လိုင်းက နေ တင်ဆက်မှုပုံစံတွေနဲ့ ဆန်းသစ်လာကြတာ ဖြစ်ပါတယ်။