ကချင်ပြည်နယ် စစ်ရှောင်စခန်းတစ်ခုက အသက် ၁၅ နှစ်အရွယ် အမျိုးသားတစ်ယောက်မှာ ဇန်နဝါရီ ၁၁ ရက်က ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့တယ်လို့ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက “သူက နေမကောင်းလို့ ဆေးခန်းလာပြရာကနေ စစ်ကြည့်ရာကတဆင့် ပိုးတွေ့တာပေါ့။ သူနဲ့ အတူနေတဲ့မိသားစုဝင် ၄ ယောက်ကို စစ်ကြည့်တဲ့အခါ ပိုးမတွေ့ဘူး”လို့ ပြောပါတယ်။
အဲ့ဒီရောဂါတွေ့ရှိခဲ့တဲ့ ပလန(၁)စိန့်ဂျိုးဇက် ကက်သလစ်အသင်းတော် ယာယီကယ်ဆယ်ရေးစခန်းမှာ နေထိုင်တဲ့လူဦးရေ ၉၀၀ ကျော်ရှိပြီး သူတို့ရဲ့စားဝတ်နေရေးအတွက် ကျန်းမာရေးဌာနနဲ့ NGO တွေ ညှိနှိုင်းပြီးပံ့ပိုးပေးနေတယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့မှာ ဒီနေ့တစ်ရက်တည်း ကိုဗစ်-၁၉ ပိုးတွေ့သူ ၄ ယောက်ရှိပြီး ဇန်နဝါရီ ၁၁ ရက်နေ့အထိစာရင်းအရ အတည်ပြုလူနာ စုစုပေါင်း ၁၀၃ ယောက်ရှိကာ လက်ရှိကုသမှုခံယူနေသူ ၁၁ ယောက် ရှိတယ်လို့ သိရပါတယ်။
သတင်း – မီးမီး