Home
အနုပညာ
G Fatt တကိုယ်တော်ဂီတဖျော်ဖြေပွဲ အွန်လိုင်းမှ အခမဲ့ကြည့်ရှုနိုင်
DVB
·
January 11, 2021
ပရိသတ်အချစ်တော် လူငယ်အဆိုတော်တယောက်ဖြစ်တဲ့ G Fatt ရဲ့ တကိုယ်တော် ဂီတဖျော်ဖြေပွဲကို ရုပ်သံလိုင်းနဲ့ အွန်လိုင်းပလက်ဖောင်းတွေက ထုတ်လွှင့်သွားဖို့ ရှိနေပါတယ်။ Illusion Paradise လို့အမည်ပေးထားတဲ့ ဒီဖျော်ဖြေပွဲကိုတော့ လာမယ့် ဇန်နဝါရီ ၁၃ ရက် ည ၇ နာရီမှာ ပြုလုပ်မည်ဖြစ်ပြီး Channel K ရုပ်သံလိုင်းနဲ့ ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်စာမျက်နှာ တွေ ဖြစ်တဲ့ G Fatt၊ Mytel Myanmar နဲ့ V7 Entertainment တို့ကနေလည်း ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ တတိယမြောက် တကိုယ်တော်ဖျော်ဖြေပွဲအနေနဲ့ ကျင်းပတဲ့ ဒီဖျော်ဖြေပွဲမှာတော့ G Fatt နဲ့အတူ တခြားအဆိုတော်တွေဖြစ်ကြတဲ့ Snare၊ ရွယ်ရွယ်နဲ့ MINUS တို့ကလည်း ပါဝင်သွားကြမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024