ကိုဗစ်-၁၉ ပိုးရှိသူနှင့်ထိတွေ့ခဲ့သည့် တိုက်စစ်မှူးအဂွဲရိုး သီးသန့်နေထိုင်နေရ

186
တိုက်စစ်မှူး အဂွဲရိုးဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူနဲ့ ထိတွေ့ခဲ့တာကြောင့် သီးသန့်နေထိုင်နေရတယ်လို့ မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက ပြောပါတယ်။
အဂွဲရိုးဟာ ဘာမင်ဂမ်အသင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ပွဲထွက်ကစားဖို့ မျှော်လင့်ခဲ့ပေမဲ့ သီးသန့်နေထိုင်ဖို့ လိုအပ်တာကြောင့် အဲဒီပွဲစဉ်ကို လွဲချော် ခဲ့တာပါ။
ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာတာ မကြာသေးတဲ့ အဂွဲရိုးအနေနဲ့ ရက်အနည်းငယ် ကြာအောင် ဆက်လက် သီသန့်နေထိုင်သွားရမှာ ဖြစ်လို့ လာမယ့် တစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြန်ကစားနိုင်ဖို့ မသေချာသေးပါဘူး။
ပြီးခဲ့တဲ့ ၁၀ ရက် ၁၅ ရက်အတွင်းမှာ တစ်သင်းလုံး ကိုဗစ်ပိုး စစ်ဆေးတာ ၆ ကြိမ်ရှိခဲ့ပြီး အဂွဲရိုးအနေနဲ့ Positive အဖြေထွက်ခဲ့တာတော့ မရှိဘူးလို့ ဂွါဒီယိုလာက ပြောပါတယ်။ ဒါပေမဲ့ ကိုဗစ် စည်းမျဉ်းတွေအရ အဂွဲရိုးအနေနဲ့ ရက်အနည်းငယ် ဆက်ပြီး သီးသန့်နေထိုင်သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။