Apple နှင့် Amazon တို့က  Parler အပလီကေးရှင်းအသုံးပြုမှု ရပ်ဆိုင်း 

Apple နဲ့ Amazon နိုင်ငံတကာ ကော်ပိုရေးရှင်းတွေက သူတို့ရဲ့ အပလီကေးရှင်း စတိုးတွေနဲ့ အင်တာနက် စာမျက်နှာ ဝန်ဆောင်မှု တွေကနေ  Parler အပလီကေးရှင်းကို ဇန်နဝါရီ ၁၀ ရက်က ဆိုင်းငံ့လိုက်ကြပါတယ်။ ပါလာ လူမှုကွန်ရက်ဌာနဟာ လက်ယာယိမ်း လူမှုမီဒီယာ သုံးစွဲသူတွေကြား လူကြိုက်များ ပြီး သုံးစွဲသူတွေဟာ အကြမ်းဖက်မှုကို လှုံ့ဆော်တဲ့ စာတွေ ဖြန့်ဖြူးတာကို တားဖို့ လုံလောက်အောင် အားမထုတ်ဘူးလို့လည်း အက်ပဲလ် နဲ့ အမေဇုံတို့က ပြောပါတယ်။  ဒီကိစ္စတွေကို သူတို့ ဖြေရှင်းပြီးတဲ့တိုင်းအောင် အပလီကေးရှင်းစတိုးကနေ ပါလာကို ဆိုင်းငံ့ထားမယ်လို့လည်း အက်ပဲက ဇန်နဝါရီ ၁၀ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။  Apple နဲ့ Amazon တို့ဟာ အယ်လ်ဖှာဘတ် နိုင်ငံတကာကော်ပိုရေးရှင်းရဲ့ ဂူဂယ်လုပ်ငန်း လုပ်တဲ့ အကွက်ရွှေ့မှုအတိုင်း အလားတူ လုပ်လိုက်ကြတာပါ။  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူ အများအပြားက ပါလာ အပလီ ကေးရှင်းကို ကြိုက်ကြပြီး တွစ်တာလူမှုကွန်ရက်ကနေ အထုတ်ခံရအပြီးမှာ ပါလာက သူတို့ အတွက် ကောင်းကင်ဘုံအဖြစ် ရှုမြင်ထားကြတယ်လို့ ရိုက်တာသတင်းဌာနက တင်ပြပါတယ်။  ထရမ့်ကတော့ တွစ်တာလူမှုကွန်ရက်ကနေ သောကြာနေ့က အမြဲတမ်း ဆိုင်းငံ့ ခံခဲ့ရပါတယ်။ အမေရိကန်အောက်လွှတ်တော်ကို ဝင်စီးနင်းတဲ့ လုပ်ရပ်မှာ ပါဝင်သူတွေက ညှိုနှိုင်းဆောင်ရွက်ဖို့ ပါလာ အပလီကေးရှင်းကို သုံးခဲ့တာကို ထောက်ပြရင်း အလွန်အကျွံ မဖြစ်အောင် ထိန်းချုပ်မယ့် အသေးစိတ် အစီအစဉ်ကို တင်ပြဖို့ အက်ပဲလ်က ပါလာကို အချိန် ၂၄နာရီ ပေးခဲ့ ပါတယ်။ အမေဇုံကတော့ သူ့ ဝန်ဆောင်မှုတွေကို လက်ခံသုံးစွဲဖို့ ကုမ္ပဏီသစ် ရှာမတွေ့မချင်း ပါလာကို ထိထိရောက်ရောက် ပိတ်ထားခဲ့ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up