A d v e r t i s e m e n t With Us

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးသူ ၁၉ သိန်းကျော်၊ မြန်မာတွင် ၂,၈၀၀ ကျော်ရှိ

ကမ္ဘာတဝန်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး သေဆုံးသူအရေအတွက်ဟာ ၁၉ သိန်းကျော်လာပြီး မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်အထိ သေဆုံးသူ အယောက်  ၂,၈၀၀ ရှိပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ နှစ် မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်က တကျော့ပြန်ကူးစက် မှုတွေနဲ့အတူ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေ မြင့်တက်လာခဲ့တာပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ ဇန်နဝါရီ  ၁၀ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၃၀,၆၀၄ ယောက်၊ သေဆုံးသူ ၂,၈၄၆ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၁၄,၀၄၉ ယောက်ရှိနေပြီး အာဆီယံ နိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေ ပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၉၀ ဒသမ ၆၉ သန်း၊ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက် ၆၄ ဒသမ ၈ သန်း ကျော် ရှိနေတာပါ။ ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၂၂ ဒသမ ၉ သန်းကျော်၊ သေဆုံးသူ ၃၈၃,၂၇၅ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၁၀ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၁၅၁,၁၉၈ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၈ ဒ သမ ၁ သန်းကျော်၊ သေဆုံးသူ ၂၀၃,၁၄၀ ယောက်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။ အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှားနဲ့ ယူကေနိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်း ကျော်၊  ယူကေနိုင်ငံက ၂ ဒသမ ၈ သန်းကျော်၊ ပြင်သစ်၊ တူရကီ၊ အီတလီ၊ စပိန်နိုင်ငံတွေ က ကူးစက်ခံရသူ ၂ သန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဂျာမနီ၊ ကိုလံဘီယာ၊ အာဂျင်တီးနား၊ မက္ကဆီကို၊ ပိုလန်၊ အီ ရန်၊ တောင်အာဖရိက၊ ယူကရိန်းနဲ့ ပီရူးနိုင်ငံတွေ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၁ သန်းကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါ ကူး စက်ခံရသူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။ ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၈၇,၅၃၆ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ ခုရက်ပိုင်း အတွင်း သေဆုံးသူထပ်တိုးမလာဘဲ နိုင်ငံအလိုက် အမှတ်စဉ် ၈၂ နေရာထိ ကျဆင်းသွားခဲ့ပါ တယ်။ အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယ၊ တူရကီနဲ့ အီရန်နိုင်ငံတွေပြီးရင် အင်ဒိုနီးရှား၊ အီရတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စ တန်နိုင်ငံတွေက ကူးစက်ခံရသူဦးရေ  ၈၂၈,၀၂၆ ယောက်၊ ၆၀၂,၉၃၈ ယောက်၊ ၅၂၂,၄၅၃ ယောက်၊ ၅၀၄,၂၅၃ ယောက်စီနဲ့ အသီးသီး ရှိနေပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၄၈၇,၆၉၀ ယောက်နဲ့ သေဆုံးသူ ၉,၄၀၅ ယောက်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၃၅,၉၉၂ ယောက်နဲ့ သေဆုံးသူ ၅၅၁ ယောက် ရှိပါတယ်။ စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၈,၉၀၇ ယောက်နဲ့ ခုရက်ပိုင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၁၀,၂၉၈ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူအရေအတွက် ၆၇ ယောက် ရှိနေပါတယ်။ ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၅၁၄ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၇၃ ယောက်နဲ့ သေ ဆုံးသူ ၃ ယောက် ရှိနေတာပါ။ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၃၉၁ ယောက်နဲ့  ၄၁ ယောက်စီ အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up