A d v e r t i s e m e n t With Us

အမေရိကန်သွားမည့် ရွှေ့ပြောင်းနေထိုင်သူများကို ဟန်းတားရန် ဂွါတီမာလာနှင့် ဟွန်ဒူးရပ်စ် တပ်ချ ထား

အမေရိကန်နိုင်ငံဆီကို သွားမယ့် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ယာဉ်တန်းသစ်တွေကို ဟန့်တားဖို့ ဂွါတီမာလာ နဲ့ ဟွန်ဒူးရပ်စ် နိုင်ငံတွေက စစ်သားတွေကို တပ်ချထားရပါတယ်။  နဂိုတည်းက ဆင်းရဲတဲ့ ဗဟိုအမေရိက ဒေသဟာ မနှစ်က နှောင်းပိုင်းမှာ ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း မုန်တိုင်း ၂ ရပ်အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေး ဆိုးဆိုးရွားရွား ကျဆင်းနေပြီး အငတ်ဘေး ဆိုက်လုနီးပါး ဖြစ်နေတာပါ။ ဒါကြောင့် ဒေသထဲက သန်းချီတဲ့ လူတွေဟာ မက်ဆီကိုနိုင်ငံကို ဖြတ်သန်းပြီး အမေရိကန်ကို သွားဖို့ ကြိုးစားတာတွေ ပိုတိုးလာနေပါတယ်။  ဂွါတီမာလာနိုင်ငံမြောက်ပိုင်း မက်ဆီကို နယ်စပ်မြို့ တာပါချူလာကတော့ လူသားချင်း စာနာမှုဆိုင်ရာ ပြည်ဝင်ခွင့်ပေးဖို့ အရာရှိတွေကို မေတ္တာရပ်ခံခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ အောင်အောင်မြင်မြင် ဖြတ်ကျော် ဝင်ရောက်နိုင်ရေး ကဖျက်ယဖျက် လုပ်ခဲ့တာပါ။  ရွှေ့ပြောင်းနေထိုင်သူတွေကတော့ အဖြေပေးတာ လိုချင်တယ်လို့ ဟစ်အော်ခဲ့ကြပါတယ်။  မက်ဆီကန် စစ်သည်တွေကလည်း အဓိကရုဏ်းနှိမ်နင်းရေး ဝတ်စုံပြည့်ဝတ်ထားပြီး အနားမှာ ရပ်နေပါတယ်။  လမ်းပေါ်မှာ စုဝေးနေပြီး ယာဉ်ကြောကို ပိတ်ထားတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို လူစုခွဲဖို့ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေက အမိန့်ပေးခဲ့ပါတယ်။  မနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဆီက ဖိအားတွေ တိုးလာချိန်မှာ မက်ဆီကို အစိုးရဟာ စစ်တပ်ပုံစံ အမျိုးသား အစောင့်ရဲတပ်ဖွဲ့ကို နိုင်ငံတောင်ပိုင်းနဲ့ မြောက်ပိုင်း နယ်စပ်တွေမှာ စောင့်ကြပ်ရင်း အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို စည်းကမ်းနဲ့ အညီ ထိန်းသိမ်းဖို့ အခွင့်အာဏာပေးခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up