Home
မြန်မာသတင်း
အခြေခံ ဥပဒေ ပြင်ဆင်ရေး ကျားဖြူပါတီအမတ်များ ဆွေးနွေး
DVB
·
September 12, 2013
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ ခေါ် ကျားဖြူပါတီက လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးနေပါတယ်။ ရှမ်းပြည်နယ် တောင်ကြီးမြို့ ကျားဖြူပါတီရုံးခန်းမှာ စက်တင်ဘာ ၉ ရက်နေ့ကနေ ဒီကနေ့အထိ ဆွေးနွေးနေတာဖြစ်ပြီး ဒီညနေမှာ သဘောထား ကြေညာချက်ထုတ်ပြန်ဖွယ် ရှိပါတယ်။ အဲဒီဆွေးနွေးပွဲကိုတက်နေတဲ့ ပြည်သူ့ လွှတ်တော် အမတ် စိုင်းမောင်တင်ကို ဒီဗွီဘီက မေးမြန်း၇ာမှာ အဓိကအားဖြင့် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရေးနဲ့ စစ်သေနာပတိချုပ်ကို သမ္မတက ခန့်အပ်ဖို့ အဓိကထား ဆွေးနွေးကြတယ်လို့ ပြောပါတယ်။ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရှိဖို့နဲ့ ဖက်ဒရယ်ပုံစံ ဖြစ်ဖို့ အတွက် ၁၄ ပြည်နယ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့သလို စက်တင်ဘာ ၁၂ ရက်နေ့ ရက်နေ့ညနေမှာ သဘောတူ ညီချက်ရယူသွားမယ်လို့ သူက ပြောပါတယ်။ ပြည်ထောင်စု အစိုးရမှာ လုပ်ပိုင်ခွင့်များနေသလို ပြည်နယ် အစိုးရတွေကို လုပ်ကိုင်ခွင့်ခွဲပေးဖို့ ကိစ္စရပ်တွေကို တောင်းဆိုသွားမယ်လို့ ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ရဲ့ မေလထုတ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ သဘောထားမှာ အမျိုးသားနိုင်ငံရေး ဆောင်ရွက်မှု အခန်းကဏ္ဍမှာ တပ်မတော်က ပြည်သူ့ ဆန္ဒနဲ့ အညီ ပါဝင်ဖို့၊ လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ် ပါဝင်မှုကို လျော့ချဖို့ စတာတွေ ပါဝင်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်အမတ် တဦးက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ဖို့ လွှတ်တော်မှာ တင်ပြခဲ့တဲ့အပေါ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေးကော်မတီကို အဖွဲ့ဝင် တစ်ရာကျော်နဲ့ ဖွဲ့စည်းတာဝန်ပေးထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးနေသလို တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့ ယူအင်အက်ဖ်စီကတော့ ဖွဲ့စည်ပုံခြေခံဥပဒေ အသစ်ရေးဆွဲမယ်လို့ ပြောထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024