
Lead Story နိုင်ငံတကာ သတင်း သတင်းမီဒီယာ
အမေရိကန်သမ္မတ ထရမ့်၏အကောင့်ကို တွစ်တာကုမ္ပဏီက အပြီးတိုင်ရပ်ဆိုင်း
Email This Story :
နောက်ထပ် အကြမ်းဖက်လှုံ့ဆော်တဲ့ အန္တရာယ်ရှိနိုင်တာကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တွစ်တာအကောင့်ကို အပြီးတိုင် ရပ်ဆိုင်းလိုက်တယ်လို့ တွစ်တာကုမ္ပဏီက ဇန်နဝါရီလ ၈ ရက်မှာ ပြောဆိုပါတယ်။
the @realDonaldTrump အကောင့်ကနေ မကြာသေးခင်ကတင်လိုက်တဲ့ ပို့စ်တွေကို အနီးကပ် သုံးသပ်ပြီးနောက်မှာ ဒီဆုံးဖြတ်ချက်ကို ချလိုက်တာလို့ တွစ်တာက ဆိုပါတယ်။
ထရမ့်ကို တွစ်တာကနေ ရပ်ဆိုင်းဖို့ ဥပဒေပြု အမတ်တချို့နဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေ တောင်းဆိုလာတာ နှစ်နဲ့ချီနေပါပြီ။
သမ္မတ ကတော်ဟောင်း မီရှယ်အိုဘားမားကလည်း လူမှုကွန်ယက် မီဒီယာကြီးတွေအနေနဲ့ ထရမ့်ရဲ့ စက်ဆုပ်ဖွယ် အပြုအမူကို တားမြစ်သင့်ပြီး ထရမ့်ကို အကောင့်ကနေ အပြီးတိုင် ရပ်ဆိုင်းသင့်တယ်လို့ ဇန်နဝါရီ ၇ ရက်မှာ တွစ်တာကနေ ရေးခဲ့ပါတယ်။
တွစ်တာအကောင့် ရပ်ဆိုင်းခံရပြီးနောက် ထရမ့်က သူ့ကိုယ်ပိုင်ပလက်ဖောင်းတစ်ခု ဖန်တီးဖို့ စဉ်းစားသွားမယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။