A d v e r t i s e m e n t With Us

မြိတ်မြို့‌တွင် ကျေးရွာဆုတောင်းပြည့်မုခ်ဦးဟောင်း ဖြိုဖျက်ရာမှပြိုကျ၊ ၁ ဦး သေဆုံး

ဓာတ်ပုံ-ဓာတ်ပုံ - မြတ်ထွဋ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု  ရွှေဒူးကျေးရွာရှိ ဆုတောင်းပြည့်ဘုရားမုခ်ဦးဟောင်းကို ဖြိုဖျက်ရာမှ ပြိုကျပြီး  အလုပ်သမားတစ်ဦး သေဆုံးခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှုးရုံးက  သိရပါတယ်။

“အလုပ်သမား ငါးယောက်က မုခ်ဦးကို ဖြိုချ‌နေတုန်း  ပြိုကျတာပါ။ တစ်ဦးကအခင်းဖြစ်နေရာမှာပဲ ဆုံးသွားပြီး  နှစ်ဦး သာမန် ထိခိုက်ဒဏ်ရာရတယ်” လို့ မြိတ်မြို့နယ်   ရဲတပ်ဖွဲ့မှူးရုံး တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ရွှေဒူးကျေးရွာ ကားလမ်းနံဘေး ဆုတောင်းပြည့်စေတီမုခ်ဦးအသစ်  ပြန်လည်တည်ဆောက်ဖို့ မနေ့ မနက် ၁၁ နာရီလောက်မှာ လုပ်သား ၅ ဦးက မုခ်ဦးအဟောင်းကို ဖြိုဖျက်နေစဥ် မုခ်ဦးဟောင်းပြိုကျခဲ့တာဖြစ်ပြီး  လုပ်သားချစ်မိုးဦး (၁၈ နှစ်) အပေါ် ကွန်ကိရစ်အစိတ်ပိုင်းတွေ ပိကျရာမှ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

လူသေဆုံးမှုနဲ့ ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ် ၃ /၂၀၂၁ နဲ့ အမှုဖွင့်လှစ်ထားကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ရဲထွဋ်

A d v e r t i s e m e n t With Us

More News
Up