တရုတ်နိုင်ငံသားအားလုံးကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်

254
တရုတ်လူဦးရေ အားလုံးကို ကိုဗစ်-၁၉ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးသွားမယ်လို့ အစိုးရ တာဝန်ရှိသူတွေက ဇန်နဝါရီ ၉ ရက်မှာ ပြောဆိုလိုက်ပါတယ်။
"ကိုဗစ်ကာကွယ်ဆေးအတွက် တရုတ်ပြည်သူတွေ တစ်ပြားတစ်ချပ်မှ ပေးစရာမလိုဘူး"လို့ အမျိုးသားကျန်းမာရေးကော်မရှင် တာဝန်ရှိသူ ကျန်းကျောင်းဝေက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
တရုတ်ဟာ အများပြည်သူတွေကို ထိုးနှံပေးမဲ့ ပထမဆုံး ကိုဗစ်ကာကွယ်ဆေးကို ဒီဇင်ဘာ နှောင်းပိုင်းမှာ ခွင့်ပြုခဲ့ပါတယ်။
ဒါ့အပြင် အရေးပေါ် ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ကနေ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ကူးစက်နိုင်ခြေများတဲ့ အုပ်စုတွေကို ကာကွယ်ဆေး ၃ မျိုး ထိုးနှံပြီးပါပြီ။
အခုဆိုရင် တရုတ်ဟာ နိုင်ငံတဝှမ်း လူ ၉ သန်းကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးထား တယ်လို့ အမျိုးသားကျန်းမာရေးကော်မရှင် ဒုဝန်ကြီး ကျန်းရီရှင်းက ပြောခဲ့ပါတယ်။
အဲဒီထဲက ၇ သန်းကျော်ကို ဒီဇင်ဘာလလယ် နောက်ပိုင်းက စပြီး ထိုးနှံခဲ့တယ်လို့ ရိုက်တာ က ဆိုပါတယ်။