ကိုဗစ်ဆေးဝယ်ယူရေး စာချုပ်ချုပ်ဆိုမှု ရပ်တန့်ရန် ချမ်းသာသည့်နိုင်ငံများကို WHO သတိပေး

249
ချမ်းသာတဲ့ နိုင်ငံတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်ကုမ္ပဏီတွေနဲ့ နှစ်ဘက် သဘောတူ စာချုပ်ချုပ်တာတွေ ရပ်ကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ ဒေါက်တာ တက်ဒရိုက ဇန်နဝါရီ ၈ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
ဝင်ငွေနည်းနဲ့ ဝင်ငွေ အလယ်အလတ်နိုင်ငံတွေ ကိုဗစ်ကာကွယ်ဆေး မရသေးတဲ့ ပြဿနာ ရှိနေတယ်လို့ ဒေါက်တာ တက်ဒရိုက ဆိုပါတယ်။
ဂျနီဗာမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တက်ဒရိုက ချမ်းသာတဲ့ နိုင်ငံတွေဟာ ကာကွယ်ဆေးဖြန့်ဝေမှု အများစု ရထားတယ်လို့ ကာကွယ်ဆေးမောင်ပိုင်စီးတဲ့အပေါ် ပြင်းပြင်း ထန်ထန် မှတ်ချက်ပြုခဲ့ပါတယ်။
ကိုဗစ်ကာကွယ်ဆေး ပိုလျှံမှာယူထားတဲ့နိုင်ငံတွေကို ကမ္ဘာလုံးဆိုင်ရာ ကကွယ်ဆေး ဖြန့်ဖြူရေး COVAX အစီအစဉ် ချက်ချင်းလွှဲပေးဖို့ကိုလည်း WHO အကြီးအကဲက တောင်းဆိုခဲ့ ပါတယ်။
နိုင်ငံနာမည်တွေကို တက်ဒရိုက ထုတ်ဖော်မပြောပေမဲ့ ဖိုင်ဇာကုမ္ပဏီဆီကနေ ထပ်တိုး ကာကွယ်ဆေးအလုံးရေ သန်း ၃၀၀ ဝယ်ယူရေး သဘောတူထားတယ်လို့ အီးယူက ပြောဆို ထားပါတယ်။
ဒါဟာ ၂၀၂၁ အတွက် ဖိုင်ဇာကုမ္ပဏီရဲ့ တစ်ကမ္ဘာလုံး ကာကွယ်ဆေးထုတ်လုပ်မှုရဲ့ ထက်ဝက်နီးပါးကို အီးယူကို ပေးမယ့် လုပ်ဆောင်ချက် ဖြစ်ပါတယ်။
တက်ဒရိုရဲ့ မှတ်ချက်စကားအတိုင်းပဲ WHO အရေးပေါ် လုပ်ငန်းဆိုင်ရာ အကြီးအကဲ မိုက်ရိုင်ယန်ကလည်း ဘယ်နိုင်ငံမှာပဲ နေနေ ထိခိုက်လွယ် အုပ်စုတွေနဲ့ ရှေ့တန်းက တိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးလုပ်သားတွေဆီ အရင်ဆုံးကာကွယ်ဆေးရောက်ဖို့ လိုအပ်တယ်လို့ အလေးထား ပြောဆိုခဲ့ပါတယ်။