A d v e r t i s e m e n t With Us

အယ်လ်ဆိုင်းဇီ၏ မြူးကြွသည့် သီဆိုဟန်ဖြင့် “ချစ်သူအပါးကခွာမသွားချင်” သီချင်း (ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)

“ချစ်သူအပါးက ခွာမသွားချင်… တစ်ယောက် တစ်ယောက် ကြည့်နေချင်… ချစ်သူ ကား ပျားရည်ထင်… အသည်းထဲ စိမ့်စိမ့်ကာဝင်… အမြဲတမ်း ချိုချိုပြုံးရွှင်… မိုးလေမမြင်… အစဉ်မြဲ တချစ်တည်းချစ်,ချစ်နေချင်… ချစ်သူအပါးက ခွာမသွားချင်”

ဒါကတော့ တခေတ်တခါက ကျော်ကြားခဲ့တဲ့ စတီရီယိုခေတ် ရေဒီယိုသီချင်းတပုဒ်ဖြစ်ပြီး တေးရေး တက္ကသိုလ် မောင်ယဉ်မှူးက ရေးဖွဲ့ပေးထားခဲ့ကာ အဆိုတော် ကိုမြင့်ဆွေက သီဆိုထားခဲ့တာပါ။

 ခုတခါမှာတော့ ဒီသီချင်းကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားရဲ့ ၇၅ နှစ်ပြည့် စိန်ရတု ဂီတဖျော်ဖြေပွဲမှာ အဆိုတော် အယ်လ်ဆိုင်းဇီရဲ့ မြူးကြွတဲ့ သီဆိုဟန်နဲ့ တမူထူးခြား ခံ စားနားဆင်ကြရမှာ ဖြစ်ပါတယ်။

“နှစ်ဦးတွေ့လို့ ကြည်နူးမွေ့ချင်… အပြုံးချင်းယှက်လို့ ပြိုင်ကာပင်… ဆံယဉ်ကလေးများ သပ်ကာတင်… မျိုမတတ်လည်း ချစ်ကြင်… ရွှေကြုတ်ကလေးနဲ့ ထည့်ကာပင် … အစဉ်သာပဲ အလှကြည့်ချင်… အသည်းချင်း ဆုံတွေ့ယှဉ်… ဘယ်သူ ဘာပြော ပတ်ဝန်းကျင်… တစ်ယောက်အကြိုက် တစ်ယောက် လိုက်လျောလို့ပင်… ချစ်သူအပါးက ခွာမသွားချင်… တစ်ယောက် တစ်ယောက် ကြည့်နေချင်… ချစ်သူ စကား ပျားရည်ထင်… အသည်းထဲ စိမ့်စိမ့်ကာဝင်… အမြဲတမ်း ချိုချိုပြုံးရွှင်… မိုးလေမမြင်… အစဉ်မြဲ တချစ်ထဲချစ်,ချစ်နေချင်… ချစ်သူအပါးက ခွာမသွားချင်”

ကချင်အမျိုးသမီး တေးသံရှင် အယ်လ်ဆိုင်းဇီဟာ ထူးခြားတဲ့ အသံနဲ့ ဂီတလောကထဲကို ရောက်ရှိလာခဲ့သူတဦးဖြစ်ကာ တကိုယ်တော် တေးအယ်လ်ဘမ်တွေရော အတွဲ တေးအယ်လ်ဘမ်တွေပါ များစွာထွက်ရှိထားခဲ့ပြီး    လက်ရှိအချိန်ထိတိုင်အောင် ပရိသတ်တွေရဲ့ အားပေးမှုရရှိနေသူတဦး ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up