A d v e r t i s e m e n t With Us

တာချီလိတ်တွင် ကျပ် ၃ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့်လက်နက်ခဲယမ်းများ ဖမ်းမိ

photo-CCDAC Myanmar

ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်မှာ ငွေကျပ် ၃ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ တာချီလိတ်မြို့နယ်၊ ဖန်မင်-ဝှေလေလန် ကျေးရွာသွားကားလမ်းမှာ   ဇန်နဝါရီ ၆ ရက်နေ့ ညနေ ၆ နာရီအချိန်လောက်က စိုင်းရွက် မောင်းနှင်လာတဲ့ Honda Fit အမျိုးအစား မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ်မှာ အိုက်စ် (မက်သာအဖက်တမင်း) ၁ ကီလို၊ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၅ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

စစ်ဆေးပေါ်ပေါက်ချက်အရ ည ၇ နာရီမှာ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာနေ အိုက်ခေါက်ရဲ့ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်ခြံဝင်းအတွင်း ရပ်တန့်ထားတဲ့ Fortuner အမျိုးအစား မော်တော်ယာဉ် နောက်ခန်းအတွင်းနဲ့ နေအိမ်မြေအောက်ခန်းအတွင်းတို့မှာ ပလတ်စတစ်အိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၆.၉ သိန်း၊ စိတ်ကြွရူးသွပ်ဆေးမှုန့် ၅၈ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း) ၈၆.၅ ကီလို၊ ဘိန်းဖြူ ၂၃.၁ ကီလို၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၅၄ တောင့်နဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး အိုက်ခေါက်ကိုတော့ အိမ်မှာမတွေ့ရဘူးလို့ ဆိုပါတယ်။

စိုင်းရွက် ၃၇ နှစ်၊ အိုက်ခေါက် (ဖမ်းမမိ) တို့အား မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up