Home
မြန်မာသတင်း
ပဲခူးမြို့တွင် ၇ နှစ်အရွယ်ကျောင်းသူအား ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်မှု ဖြစ်ပွား
DVB
·
January 9, 2021

ပဲခူးမြို့ လိပ်ပြာကန်ရပ်ကွက်မှာ ၇ နှစ်အရွယ် ၁ တန်းကျောင်းသူ ၁ ဦးအား အသက် ၂၅ နှစ်အရွယ် ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်ခဲ့တယ်လို့ မိခင်ဖြစ်သူက ရဲစခန်းမှာ အမှုဖွင့်တိုက်ကြားခဲ့ပါတယ်။

ဇန်နဝါရီ ၈ ရက်နေ့မနက် ၇ နာရီအချိန်လောက်က မ ---ရဲ့  မိခင်ဟာ တူမ ၁ ယောက် နေထိုင်မကောင်းလို့ ပဲခူးပြည်သူ့ဆေးရုံကို ဆေးရုံစာအုပ်သွားထပ်စဉ် အိမ်အပေါ်ထပ်အိပ်ခန်းမှာ အိပ်ပျော်နေတဲ့ မ--ကို ဦးလေးတော်စပ်သူ လွင်မိုးအောင်(ခ) အညာသားဆိုသူက အိမ်ပေါ်ကိုတက်လာပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း သမီးဖြစ်သူရဲ့ ပြောပြချက်အရ မိခင်ကသိ ခဲ့ရတာပါ။

သမီးဖြစ်သူအား သားမယားပြုကျင့်သူ လွင်မိုးအောင်(ခ) အညာသားအား အရေးယူပေးဖို့ ပဲခူးမြို့မ ရဲစခန်းမှာ တရားလိုပြုလုပ်တိုင်ကြားခဲ့တာပါ။

ပဲခူးမြို့မရဲစခန်းကနေ လွင်မိုးအောင်(ခ) အညာသားအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ နဲ့ ဇန်နဝါရီ ၈ ရက်နေ့က အမှုဖွင့်ဖမ်းဆီးအရေးးယူထားတယ်လို့ သိရပါတယ်။

အောင်စိုးမိုး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024