ဒေါ်​အောင်ဆန်း​စုကြည် အ​ရှေ့​ဥ​ရောပ ၃နိုင်ငံခရီး​စဉ်ထွက်

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဌ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ အ​ရှေ့​ ဥ​ရောပ ၃ နိုင်ငံ ခရီး​စဉ်ကို စတင်ဖို့​ စက်တင်ဘာ ၁၀ ရက်​နေ့​မှာ ရန်ကုန် ​လေဆိပ်က​နေ ထွက်ခွာသွား​ပြီ ဖြစ်ပါတယ်။ ဘန်​ကောက်က​နေ တဆင့်​ ပိုလန်နိုင်ငံ ဝါ​ဆောမြို့​ ကို သွား​ရောက်မှာ ဖြစ်ပြီး​ ပိုလန်သမ္မတ၊​ ဝန်ကြီး​ချုပ် ၊​ အထက်နဲ့​ ​အောက်လွှတ်​တော်ဥက္ကဋ္ဌ​တွေနဲ့​ ​တွေ့​ဆုံမှာပါ ။ အဲဒီ​နောက် ဝါ​ဆောတက္ကသိုလ်မှာ စီး​ပွား​ရေး​ နိုင်ငံ​ရေး​နဲ့​ ပတ်သက်ပြီး​ ​ဟော​ပြောဖို့​ရှိပါတယ် ။ ပိုလန်ခရီး​စဉ်အပြီး​ ဟန်​ဂေရီနိုင်ငံ ဘူဒါပတ်စ်ကို သွား​ရောက်မှာ ဖြစ်ပြီး​ ဟန်​ဂေရီ သမ္မတ လွှတ်​တော်ဥက္ကဋ္ဌ​တွေနဲ့​ ​တွေ့​ဆုံမှာ ဖြစ်သလို ဟန်​ဂေရီ ​ကော်ဗင်း​နပ်စ် တက္ကသိုလ်မှာ ​တော်လှန်​ရေး​မှ ပြန်လည်တည်​ဆောက်​ရေး​သို့​ ​ခေါင်း​စဉ်နဲ့​ ​ဟော​ပြောမှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၅ မှာ​တော့​ ချက်သမ္မတနိုင်ငံကို သွား​ရောက်မှာ ဖြစ်ပြီး​ ဖိုရမ် ၂၀၀၀ ဖွင့်​ပွဲမှာ ကွယ်လွန်သူ ချက်​ခေါင်း​ဆောင်​ဟောင်း​ ဗား​ကလပ် ဟာဗဲလ်ကို သတိရခြင်း​ အထိမ်း​အမှတ် မန်မာ အပြန်အလှန် နှိုး​ဆော်မှု ​ခေါင်း​စဉ်နဲ့​ ​ဟော​ပြောဖို့​ရှိပါတယ်။ စက်တင်ဘာ ၁၇ ရက်မှာ​တော့​ ဥ​ရောပခရီး​စဉ်ကို အဆုံး​သတ်ပြီး​ မြန်မာကို ပြန်လည်ထွက်ခွာမှာ ဖြစ်တယ်လို့​လည်း​ သတင်း​ထုတ်ပြန်ထား​ပါတယ်။ [album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/DASSK Europe Trip/]

More News
Up