Home
သတင်းဓာတ်ပုံ
ကျပ်သန်း ၅,၀၀၀ ကျော်ကုန်ကျသည့် ဧရာဝတီတိုင်း လွှတ်တော်သစ် ဖွင့်လှစ် (ဓာတ်ပုံ)
DVB
·
January 8, 2021
DSC_0304 (1)
DSC_0288
DSC_0248
DSC_0209
DSC_0149
DSC_0144
DSC_0080
DSC_0065
DSC_0050
DSC_0036
ငွေကျပ်သန်း ၅,၀၀၀ ကျော် အကုန်အကျခံကာ  တည်ဆောက်ခဲ့တဲ့  ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်သစ်ကို  ဇန်နဝါရီ ၈ ရက် ဒီနေ့ မနက်ပိုင်းမှာ အကျဉ်းချုံး ဖွင့်လှစ်လိုက်ပါတယ်။ ၂၀၁၈ ခုနှစ်ကစတင်ကာ ၄ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်သစ်မှာ လွှတ်တော်အဆောက်အအုံ ၊ လွှတ်တော်ကိုယ်စား လှယ်များတည်းခိုဆောင်၊ လွှတ်တော်ရုံးဝန်ထမ်းတွေအတွက် အိမ်လိုင်းခန်းတွေနဲ့ လွှတ်တော်ရဲ့ လိုအပ်တဲ့ အသုံးဆောင်ပစ္စည်းတွေ အပါအဝင် ကုန်ကျငွေ ကျပ်သန်း ၅၀၀၀ ကျော် အကုန်ကျခံ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ လွှတ်တော်သစ်ဖွင့်ပွဲကို ကိုဗစ်စည်းကမ်းနဲ့အညီ အကျဉ်းချုံးကျင်းပခဲ့ပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်မှုဆောင် ဒေါက်တာ မျိုးညွန့်လာရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးသက်တမ်းမှာ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဟာ နောက်ဆုံးဖွင့်လှစ်ခဲ့တဲ့ လွှတ်တော်လည်းဖြစ်တယ်လို့ သိရပါတယ်။ Photo - Min Htet Mone / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024