Home
သတင်းဓာတ်ပုံ
မြဝတီမြို့တွင် ၂၀၁၅ ရွေးကောက်ပွဲ မဲလက်မှတ်အဟောင်းများ မီးရှို့ဖျက်ဆီး (ဓာတ်ပုံ) 
DVB
·
January 8, 2021
၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတုန်းက အသုံးပြုခဲ့တဲ့ မဲလက်မှတ်အဟောင်းတွေကို ကရင်ပြည်နယ် မြဝတီမြို့မှာ ဇန်နဝါရီ ၇ ရက် မနက်က မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ ဒီမဲလက်မှတ်အဟောင်းတွေဟာ ၂၀၂၀ ပြည့်နှစ်မှာ အစိုးရနဲ့ လွှတ်တော်သက်တမ်း တစ်ခုမတိုင်ခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့ ဖျက်ဆီးရမှာ ဖြစ်ပြီး ဖျက်ဆီးတဲ့အချိန်မှာလည်း သတင်းမီဒီယာနဲ့ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ဌာနဆိုင်ရာတို့ ပူးပေါင်း မှတ်တမ်းယူရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲလက်မှတ်တွေကိုတော့ မြဝတီမြို့နယ်ရှိ လုံခြုံတဲ့ နေရာမှာထားရှိပြီး ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲပြီးမှသာ  လုပ်ထုံးလုပ်နည်းနဲ့အညီ ဖျက်ဆီးသွားရမှာဖြစ်တယ်လို့ မြဝတီမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက ပြောပါတယ်။ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်မှာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက မဲပေးသူ ၉၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။ သတင်း - ဖိုးစီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024