မြန်မာနိုင်ငံရေးပါတီတွေနဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ နော်ဝေရွေးကောက်ပွဲ လေ့လာ

နော်ဝေနိုင်ငံမှာကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲကို လေ့လာဖို့ မြန်မာနိုင်ငံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်နိုင်ငံရေးပါတီတွေနဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ပါဝင်တဲ့ ၁၃ ဦးကိုယ်စားလှယ်အဖွဲ့က အော်စလိုမှာရောက်ရှိနေကြပါတယ်။ [caption id="attachment_43326" align="alignright" width="300" caption="၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးပြုံးချို"][/caption] ၄ နှစ် ၁ ကြိမ် ကျင်းပတဲ့ နော်ဝေအထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာ ၁၆၉  နေရာရှိတဲ့ လွှတ်တော်မှာ နိုင်ငံရေးပါတီ ၁၀ ခုလောက် အကြိတ်အနယ်ယှဉ်ပြိုင် အရွေးခံခဲ့ကြရာမှာ ၀န်ကြီးချုပ် Jens Stoltenberg ရဲ့ လေဘာညွန့်ပေါင်းက လက်ယာပါတီ ညွန့်ပေါင်းအုပ်စုကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ နော်ဝေရွေးကောက်ပွဲနဲ့ ပတ်သက်လို့  အော်စလိုမှာ ရောက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးပြုံးချိုက ပွင့်လင်းသန့်ရှင်းပြီး လွတ်လပ်မျှတတဲ့ မဲပေးတဲ့စနစ်တွေနဲ့ လုပ်ဆောင်နေတယ်ဆိုတာတွေ့ရတယ်လို့ ပြောပါတယ်။ “ဒီရွေးကောက်ပွဲတွေကနေပြီးတော့ ဖြတ်သန်းတာတွနဲ့ ဖြစ်စဉ်တွေကနေပြီးတော့ အားနည်းချက်နဲ့ အားသာချက်တွေ၊ ဆန်းသစ်မှုတွေ ဒါတွေအားလုံးဟာ ကျနော်တို့နိုင်ငံမှာ ကြုံတွေ့ရမဲ့ ရွေးကောက်ပွဲတွေမှာ ဘယ်လိုသဟဇာတရှိရှိ ဆောင်ရွက်နိုင်မဲ့ အတွေ့အကြုံကောင်းတွေ ဘယ်လိုမျှဝေနိုင်မလဲ ဆိုတာတွေကို ဒီရွေးကောက်ပွဲပြီးတဲ့အထိ လေ့လာပြီးတော့ အလေ့အကျင့်ကောင်းတွေ ကျနော်တို့ သယ်ဆောင်သွားမှာပါ။” ၁၉၉၀ ရွေးကောက်ပွဲတုန်းက အရွေးခံခဲ့ရတဲ့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါက်တာမင်းစိုးလင်းကတော့  မြန်မာနိုင်ငံမှာလည်း တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲစနစ်မျိုး ကျင်းပတတ်အောင် ကြိုးစားကြဖို့လိုတယ်လို့ ခုလို နော်ဝေရွေးကောက်ပွဲ အတွေ့အကြုံကို ပြောပါတယ်။ “ဒီနိုင်ငံက မဲပေးစနစ်က သိပ်ကိုမျှတပြီး နိုင်ငံတကာက လာလေ့လာတဲ့သူတွေဟာ မဲပေးတဲ့သူတွေများနေတာ အင်မတန်အားရတယ်။ ဒီအတွေ့အကြုံဟာ ကျနော်တိုင်ငံအတွက် သယ်သွားပြီးတော့ ဒါမျိုးဖြစ်အောင် လွတ်လပ်ပြီး မျှတအောင် နိုင်ငံတကာကလည်း ကျနော်တို့ နိုင်ငံကို ဒီလိုနိုင်ငံမျိုးဘဲ သိက္ခာရှိပြီး မဲပေးတတ်တဲ့နိုင်ငံဖြစ်အောင် ကြိုးစားဖို့ အတွေ့အကြုံတွေ ရတယ်။” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  ဦးသိန်းဦးကတော့  အဲဒီ ရွေးကောက်ပွဲဟာ  မြန်မာနိုင်ငံ ရွေးကောက်ပွဲနဲ့ တူတာတွေရှိသလိုမတူတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။ “တူတာကို ပြောရမယ်ဆိုရင်တော့ မဲကိုရေတွက်တဲ့နေရာမှာ မဲထည့်တဲ့လူ အရေအတွက်က ၂ ထောင်ရှိမယ်ဆိုရင် အဲဒီမဲကို ၂ ထောင်ပြည့် မပြည့်အရင်စစ်တယ်။ အဲဒါတော့ တူတယ်။ မတူတာက ဒီမှာက အားလုံး ကွန်ပြူတာစနစ်နဲ့ အကုန်လုံး စီစဉ်ထားတာ ဖြစ်ပါတယ်။” နော်ဝေရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ် ဟေယာ(Høyre)ပါတီရဲ့ခေါင်းဆောင် မစ္စ အယ်နာဆိုးဗာ့ ခေါင်းဆောင်တဲ့ လက်ယာ ၄ ပါတီ ညွန့်ပေါင်းအဖွဲ့က အနိုင်ရခဲ့ပါတယ်။  အခု အနိုင်ရတဲ့ လက်ယာပါတီက ၀န်ကြီးချုပ်ရာထူးကို တာဝန်ယူရမှာဖြစ်သလို အစိုးရအဖွဲ့ကိုလည်း ဦးဆောင် ဖွဲ့စည်းရမှာပါ။ ခုလို လက်ယာအုပ်စု အာဏာရလာတာဟာ နော်ဝေနိုင်ငံမှာ  လူမှုဖူလှုံရေးစနစ်နဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းသူတွေအပေါ် တင်းကျပ်လာမှုတွေ အဓိက အပြောင်းအလဲဖြစ်လိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up