A d v e r t i s e m e n t With Us

ထိုင်းတွင် တောမီးရှို့မှုဖြင့် မြန်မာအမျိုးသမီး ၁ ဦး အရေးယူခံရ

ထိုင်းနိုင်ငံအနောက်မြောက်ဘက်၊ ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်ထဲမှာ မြန်မာအမျိုးသမီး တစ်ယောက် သစ်တောမီးရှို့မှုနဲ့ ဖမ်းဆီးအရေးယူခံထားရပါတယ်။  ဆန်ခလပူရီမြို့နယ်ထဲက ခေါင်လဲမ်သစ်တောကြိုးဝိုင်းထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရ က်နေ့က မီးခိုးမီးလျှံတွေထွက်နေလို့ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာမှာ လမ်းမှာ မသင်္ကာဖွယ် အမျိုးသမီး တစ်ယောက် တောထဲကနေထွက်လာတာတွေ့လို့ စစ်ဆေးမေးမြန်းဖို့ ခေတ္တခေါ်ယူ ထိန်းသိမ်းလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ အသက် ၄၀ နှစ်ရွယ်ရှိ မလွင်ဆိုသူ မြန်မာအမျိုးသမီးဖြစ်ပြီး သူဟာ တောစပ်မှာ ခေါက်ဆွဲပြုတ်စားဖို့ မီးမြှိုက်စဉ် လေအရမ်းတိုက်လာတာကြောင့် အနီးနားဝန်းကျင်ကို မီးကူးစက်လောင်ကျွမ်းကျွမ်းခဲ့တာဖြစ်ကြောင်း လောင်နေတဲ့ မီးကိုငြှိမ်းသတ်ဖို့ကြိုးစားပေမယ့် မရတာကြောင့် ထွက်ပြေးခဲ့ရာက အဖမ်းခံရတာလို့ ဆိုပါတယ်။  တာဝန်ရှိသူတွေက တောမီးကိုငြှိမ်းသတ်ခဲ့ရာမှာ  သစ်တောဧရိယာ ၂ ဧကလောက် မီးလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။ အဆိုပါအမျိုးသမီးကို  သစ်တောဥပဒေအရ အရေးယူအပြစ်ပေးဖို့အတွက် သစ်တောဦး စီးဌာနကနေတဆင့် ဆန်ခလပူရီရဲစခန်းကို ပို့ဆောင်ထားတယ်လို့ naewna ထိုင်းသတင်းမှာ ဖော်ပြပါတယ်။  ထိုင်းနိုင်ငံရဲ့ သစ်တောထိန်းသိမ်းရေးဥပဒေအရ တောမီးရှို့သူဟာ သစ်တောပျက်စီးမှုအခြေ အနေ ပေါ်မူတည်ပြီး ‌ ထောင်ဒဏ် အနည်းဆုံး ၄ နှစ်မှ ၂၀ နှစ်ထိ ဒါမှမဟုတ် ငွေဒဏ် အနည်းဆုံး ဘတ် ၄ သိန်းမှ သိန်း ၂၀ ထိ သတ်မှတ်ထားပါတယ်။  ကိုးကား- Naewna

A d v e r t i s e m e n t With Us

More News
Up