A d v e r t i s e m e n t With Us

Myanmar Xingwei ဖိနပ်စက်ရုံ အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ Myanmar Xingwei ဖိနပ်စက်ရုံက အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် ၁၀၀ ကျော် ဇန်နဝါရီ ၆ ရက် မနက်မှာ အလုပ်ထုတ်ပယ်ကြောင်း ကြေညာစာ ကပ်လိုက်တယ်လို့ မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင်ကော်မတီဝင် ကိုသိန်းစိုးအောင်က ​ပြောပါတယ်။   အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ အောက်တိုဘာလကနေစပြီး ၃ လစာအတွက် အနည်းဆုံးလုပ်ခလစာ အပြည့်မရရှိတဲ့အတွက်ကြောင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကို တိုင်ကြားပြီး ဇန်နဝါရီလ ၅ ရက်နေ့က ညှိနှိုင်းမှုအဆင်ပြေခဲ့တဲ့အတွက် ပုံမှန်အတိုင်းအလုပ်ဆင်းနေခဲ့တာ ဖြစ်ပါတယ်။  အနည်းဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်အစား ၂၄၀၀ သာရရှိထားတာဖြစ်ပြီး ကျန်ငွေတွေကို ဒီတစ်လအတွင်းမှာ နှစ်ကြိမ်ခွဲပေးဖို့ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဘက်သဘောတူထားကြ တာပါ။  ဒါပေမဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်သားလျှော့ချတယ်လို့ဆိုကာ အလုပ်သမားတွေကို ချက်ချင်းအလုပ်ထုတ်ပယ်လိုက်ပြီး အလုပ်ထုတ်နစ်နာကြေးကိုလည်း ဖေဖော်ဝါရီ ၅ ရက်နေ့ ပေးမယ်လို့ စက်ရုံဘက်က ဆိုပါတယ်။  ဖေဖော်ဝါရီ ၅ ရက်နေ့မတိုင်ခင် အလုပ်ရှင်ဘက်က ထွက်ပြေးတိမ်းရှောင်သွားမှာကို သံသယရှိတဲ့အတွက်ကြောင့် သက်ဆိုင်ရာဌာနတွေနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့မှာ အသိသက်သေလက်မှတ်ထိုးဖို့ အလုပ်ရှင်ကိုဆင့်ခေါ်ထားတယ်လို့ လိုက်ပါကူညီပေးနေတဲ့ မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင်ကော်မတီဝင် ကိုသိန်းစိုးအောင်က ပြောပါတယ်။  Myanmar Xingwei ဖိနပ်စက်ရုံဟာ  အလုပ်သမား ၂၀၀ ကျော်နဲ့ လည်ပတ်လုပ်ကိုင်နေတဲ့ စက်ရုံဖြစ်ပါတယ်။ သတင်း - အိသဇင်ခိုင်၊ ဓာတ်ပုံ - FGWM

A d v e r t i s e m e n t With Us

More News
Up