DVB Logo
Home
မြန်မာသတင်း
တတိယအကြိမ်လွှတ်တော် ဖေဖော်ဝါရီ ၁ ရက်နေ့ စတင်မည် 
DVB
·
January 7, 2021
တတိယအကြိမ်လွှတ်တော် ဖေဖော်ဝါရီ ၁ ရက်နေ့ စတင်မည် 
Donate to DVB

တတိယအကြိမ် ပြည်သူ့လွတ်တော်နဲ့ အမျိုးသားလွှတ်တော် ပထမ ပုံမှန်အစည်းအဝေးတွေကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက် မနက် ၁၀ နာရီမှာ  စတင်ခေါ်ယူကျင်းပမယ်လို့ သက်ဆိုင်ရာ လွှတ်တော်တွေက ကြေညာပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာလွှတ်တော်ဥပဒေနဲ့ နည်းဥပဒေတွေနဲ့အညီ လွှတ်တော်ဥက္ကဋ္ဌတွေက  တတိယအကြိမ် လွှတ်တော်ကို  ခေါ်ယူကျင်းပတာလို့  ဇန်နဝါရီ ၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့  ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ရဲ့ ကြေညာချက်တွေမှာ ဖော်ပြပါတယ်။

လွှတ်တော်အစည်းအဝေးတက်ရောက်ဖို့ အတွက် ၂၀၂၀ ရွေးကောက်ပွဲကနေ ရွေးကောက်တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထံ ဖိတ်စာတွေပေးပို့ထားပြီး ကိုယ်စားလှယ်တွေအနေနဲ့ အစည်းအဝေးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေပြုလုပ်နိုင်ဖို့အတွက် နေပြည်တော်သို့ ရောက်ရှိကြောင်း ဇန်နဝါရီ ၂၃ ရက်ထက်မစော ဇန်နဝါရီ ၂၄ ရက်ထက် နောက်မကျစေပဲ သတင်းပို့ကြဖို့လည်း ပြည်သူ့လွှတ်တော်ရုံးက အသိပေးထုတ်ပြန်ထားပါတယ်။

အလားတူ အမျိုးသားလွှတ်တော်ကလည်း  လွှတ်တော်အစည်းအဝေးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ဖို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေဟာ ဖိတ်စာ ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရေးရာဆောင် I–19 (အိုင် - ၁၉)သို့ ဇန်နဝါရီ ၃၀ ရက်ထက်မစော ၃၁ ရက်ထက် နောက်မကျစေဘဲ သတင်းပို့ကြဖို့နဲ့   နိုင်ငံသားစိစစ်ရေးကတ်ပြား ယူဆောင်လာကြဖို့ ပန်ကြားထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့  ၂၀၂၀ အထွေထွေရွေးကောက်ပွဲကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၁၅ ဦးနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၁ ဦး ရွေးကောက်တင်မြှောက်ခံထားရတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013