Home
မြန်မာသတင်း
ရန်ကုန်-ကိုကိုးကျွန်း သင်္ဘောခရီးစဉ် ပြန်လည်ပြေးဆွဲ
စိုးမိုးအောင်
·
January 6, 2021
ရန်ကုန်တိုင်းအစိုးရဲ့ အစီအစဉ်နဲ့ ရန်ကုန်-ကိုကိုးကျွန်းသင်္ဘောခရီးစဉ်ကို ပြန်လည်ပြေးဆွဲခဲ့ပြီး  ခရီးစဉ်တစ်ခေါက်မှာ လူ ၆၀ ကျော် ပါဝင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့  YRTA က ပြောပါတယ်။  ကိုဗစ်-၁၉ ရောဂါကြောင့် ပြေးဆွဲမှု ရပ်နားထားတဲ့ ရန်ကုန်- ကိုကိုးကျွန်းခရီးစဉ်ကို ဇန်နဝါရီ ၆ ရက်နေ့ မနက်ပိုင်းက ရန်ကုန်ဆိပ်ကမ်းကနေ ပြန်လည်ပြေးဆွဲခဲ့တာပါ။  ဒီခရီးစဉ်ဟာ YRTAအဖွဲ့ရဲ့ စတုတ္ထအကြိမ်မြောက်ပြေးဆွဲမှုဖြစ်ပြီး ရန်ကုန်တိုင်းအစိုးရရဲ့ အစီအစဉ်နဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအဖွဲ့(YRTA)တို့ကနေ ပူးပေါင်း စီစဉ်ခဲ့တာပါ။  ရန်ကုန်-ကိုကိုးကျွန်းသင်္ဘောခရီးစဉ်ကို ခရီးသည် ၆၁ ယောက်  လိုက်ပါခဲ့သလို ကုန်တန်ချိန် ၃၅၀ လောက်ပါဝင်တယ်လို့ YRTA အဖွဲ့က ပြောပါတယ်။  လိုက်ပါမယ့်ခရီးသည်တွေကို ကျန်းမာရေးဝန်ကြီဌာနညွှန်ကြားချက်တွေအတိုင်း ကိုဗစ်-၁၉ ရောဂါရှိမရှိ စစ်ဆေးတာ၊ Quarantine စင်တာတွေမှာ ဝင်ရောက်စေတာတွေ ဆောင်ရွက်ပြီးမှ လိုက်ပါခွင့်ပြုခဲ့တာလို့ YRTAတွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။ ရန်ကုန်-ကိုကိုးကျွန်းခရီးစဉ်ကို အစိုးရဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ စည်ပင်ဝန်ထမ်းတွေနဲ့ ဒေသခံတွေလိုက်ပါခဲ့ပြီး YESC မီးလင်းရေး ပစ္စည်းတွေ၊ နယ်စပ်စည်ပင်ပစ္စည်းတွေ၊ တပ်မတော်ကုန်ပစ္စည်းတွေနဲ့ ဒေသဖွံ့ဖြိုးရေးပစ္စည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ရန်ကုန်-ကိုကိုးကျွန်းခရီးစဉ်တွေကို ၂၀၂၀ ပြည့်နှစ်ကနေ လက်ရှိအချိန်အထိ YRTA အဖွဲ့ အစီအစဉ်နဲ့ ၄ ကြိမ်ပြေးဆွဲပေးခဲ့ပြီး ပို့ဆောင်ရေးဝန်ကြီဌာနကနေလည်း ၃ ကြိမ်ပြေးဆွဲ ပေးခဲ့ တယ်လို့ ဆိုပါတယ်။  ရန်ကုန်-ကိုကိုးကျွန်းခရီးစဉ်တခေါက်ကို အရင်က ကျပ်သိန်း ၂၀၀နဲ့ သင်္ဘောကုမ္ပဏီတွေ ဆီက ငှားရမ်းခဲ့ပြီး၊ လက်ရှိသင်္ဘောကတော့ ကုန်တန်ချိန်များများတင်နိုင်တာကြောင့် တခေါက်ကို ကျပ်သိန်း ၃၅၀ နဲ့ ငှားရမ်းခဲ့တာဖြစ်ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024