Home
မြန်မာသတင်း
မင်းလှမြို့နယ်၌ သံပုယိုသီးများဝယ်သူရှားပါးပြီး စိုက်ပျိုးသူများ အရှုံးပေါ်
DVB
·
January 6, 2021
135235238_2986947061537941_4273975777579027551_o
ကိုဗစ်ကာလ ပြည်တွင်းဈေးကွက်မှာ သံပုယိုသီးတွေ ဝယ်သူမရှိဖြစ်နေလို့ လေလွင့်ဆုံးရှုံးမှုတွေရှိနေပြီး သံပုယိုသီးစိုက်ပျိုးသူတွေ အရှုံးပေါ်နေပါတယ်။ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ အရင်နှစ်ပေါင်းများစွာတည်းက သံပုယို စိုက်ပျိုးတဲ့ လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။ အခုအခါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာတာကြောင့် သံပုယိုဈေးတွေကျဆင်းပြီး ဝယ်မည့်သူတွေ ရှားပါးနေတယ်လို့ သံပုယိုစိုက်ပျိုးရေး လုပ်ကိုင်သူ တချို့က ပြောပါတယ်။ အရင်က သံပုယိုတစ်အိပ်ကို ကျပ်သုံးလေးသောင်းထိရောင်းရပြီး အခု ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာချိန်မှာ ကျပ် ၂၀၀၀ တောင်  ဝယ်မယ့်  ကုန်သည်ရှားနေတယ်လို့ ဆိုပါတယ်။ ဝယ်သူတွေမရှိတော့တဲ့အတွက် သံပုယိုသီးတွေ ကြွေကျ ပုပ်ပွပြီး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေ တယ်လို့ သံပုယိုစိုက်ပျိုးသူ ဦးစန်းမြင့်က ပြောပါတယ်။ သံပုယိုစိုက်ပျိုးရေးလုပ်ကိုင်သူ ဦးစိုးဝင်အောင်က “သံပုယိုခြံစိုက်ခင်းတစ်ခုမှာ အရင်းအနှီး များစွာရှိပြီး အခုရရှိဈေးနဲ့ လုံးဝကိုက်ညီမှု မရှိတာကြောင့် ဒုက္ခရောက်နေကြပြီး သီးနှံတွေကို မြန်မာပြည်ထဲမှာတင်မဟုတ်ဘဲ နိုင်ငံခြားထိ တင်ပို့ရောင်းချနိုင်အောင် အစိုးရကို ကူညီပံ့ပိုးပေး စေချင်တယ်”လို့ ပြောပါတယ်။ အရင်နှစ်တွေက အခုချိန်ဆို ကျပ် ၁၅၀၀၀- ၂၀၀၀၀ လောက်နဲ့  ဝယ်ယူပြီး တစ်နေ့ကို အိတ် ၈၀-၁၀၀ညလောက်ထိပို့ရပြီး အခု ကျပ် ၂၀၀၀ လောက်တောင်ပွဲစားတွေက မယူတာကြောင့် တနေ့ကို ဆယ့်လေးငါးအိပ်လောက်ပဲပို့ရတယ်လို့ ကုန်သည်ဒေါ်မကြူက ပြောပါတယ်။ မင်းလှမြို့နယ်မှာ သံပုယိုစိုက်ပျိုးဧက ၇၀၀ လောက်ရှိပြီး အထွက်နှုန်းကောင်းပေမယ့်လည်း ဈေးနှုန်းကျဆင်းနေတာကြောင့် စိုက်ပျိုးသူတွေ အရှုံးပေါ်ပြီး ဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024