Home
မြန်မာသတင်း
ထိုင်းဘက်မှ တရားမဝင်ပြန်လာသည့် အထောက်ထားမဲ့ ဘင်္ဂလီ ၄ ဦးကို ဖမ်းဆီးအရေးယူ
DVB
·
January 6, 2021
ထိုင်းနိုင်ငံ မဲဆောက်မြို့ကတဆင့် သောင်းရင်းမြစ်ကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံဘက် တရားမဝင် ပြန်လည်ဝင်လာတဲ့ အထောက်အထားမဲ့ ဘင်္ဂလီ ၄ ယောက်ကို ဇန်နဝါရီ ၅ ရက် ည ၇ နာရီလောက်က ဖမ်းမိတယ်လို့  မြဝတီမြို့မရဲစ ခန်းမှူးဒုရဲမှူးအောင်ကျော်ဦးက ပြောပါတယ်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အမှတ်(၃)ရပ်ကွက်   အနီး ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်ကို ဖြတ်သန်းပြီး ပြည်တွင်းကို ပြန်ခိုးဝင်လာတဲ့ မသင်္ကာဖွယ် အသက်၂၅ နှစ်နဲ့ အသက် ၆၀ အရွယ်ကြား အမျိုးသား ၃ ယောက်နဲ့  အမျိုးသမီး ၁ ယောက်ကို မနေ့ညနေပိုင်းက စစ်ဆေး တွေ့ရှိခဲ့တာပါ။ ဖမ်းမိသူတွေဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ သန်းခေါင်စာရင်း  မိတ္တူစာရွက်တွေ ကိုင်ဆောင်ထားတာကိုတွေ့ရလို့ နယ်မြေရဲတပ်ဖွဲ့နဲ့  လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန တာဝန်ရှိသူတွေက  စစ်ဆေးနေတယလို့ မြဝတီမြို့မရဲစခန်းက နေသိရပါတယ်။ မြဝတီမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးအောင်ကျော်ဦးက  “လတ်တလော ကွာရန်တင်းစခန်းမှာ ပို့ထားတယ်။ ဆေးစစ်‌တာတွေ ဘာတွေ လုပ်ပြီးရင် အမှုဖွင့်ရမှာပါ။ ဘာလို့လဲ ဆိုတော့ ထိုင်းနိုင်ငံဘက်ကနေပြီး ပြန်ဝင်လာသူတွေ ဖြစ်နေလို့ပါ”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း  သထုံခရိုင် ပေါင်မြို့နယ် မုတ္တမကျေးရွာအနီး သံလွင်တံတားအဆင်းမှာ ဖမ်းမိခဲ့တဲ့ နိုင်ငံသား အထောက်ထားမဲ့ ဘင်္ဂါလီ ၁၉ ယောက်မှာ  ကိုဗစ်-၁၉ ရောဂါပိုးမတွေ့တဲ့အတွက်  ရခိုင်ပြည်နယ်သို့ ပြန်လည်ပြီးပို့ဆောင်မယ်လို့ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ သတင်း- ရဲထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024