Home
သတင်းဓာတ်ပုံ
ယုဇနပလာဇာ ဈေးကြီးပြန်ဖွင့် (ဓာတ်ပုံ) 
DVB
·
January 6, 2021
ရန်ကုန်မြို့ရဲ့ အထင်ကရ လက်လီ လက္ကား ဈေးကြီးတစ်ခုဖြစ်တဲ့ ယုဇနပလာဇာဈေးကြီးကို  ဇန်နဝါရီ ၆ ရက် ဒီကနေ့မနက်ကစပြီး ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ ယုဇနပလာဇာအုပ်ချုပ်မှုတာဝန်ခံ ဦးမင်းမင်းစိုးက “ကျန်းမာရေးဌာနဘက်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီပြန်ဖွင့်တာပါ။ အာလုံးကိုလည်း ညွှန်ကြားချက်နဲ့အညီနေထိုင်ကြဖို့ တိုက်တွန်းမှုတွေပြုလုပ်ပါတယ်"လို့ ပြောပါတယ်။ ယုဇနပလာဇာဈေးကြီးမှာ ဆိုင်ခန်းပေါင်း ၂၇၀၀ လောက်ရှိပြီး ဒီကနေ့  ဆိုင်ခန်း ၅၀၀ လောက် လာရောက်ဖွင့်လှစ်တယ်လို့သိရပါတယ်။  ဈေးကြီးကို ၂၀၂၀ ပြည့်နှစ်စက်တင်ဘာလမှာ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။ Photo - Ye Myo Khant / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024