Home
မြန်မာသတင်း
အတုအယောင်လင့်ခ်များ ပေးပို့နေသဖြင့် သတိထားကြရန် ကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ ထုတ်ပြန်
DVB
·
January 5, 2021
အစိုးရဌာန ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေ အပါအဝင် သံရုံး၊ အဖွဲ့အစည်းတွေရဲ့ စာမျက်နှာတွေ ကို ပစ်မှတ်ထားပြီး ခိုးယူဖို့ ကြိုးစားတဲ့ အတုအယောင်လင့်ခ်တွေ ပေးပို့နေတာကြောင့် သတိထားကြဖို့ မြန်မာနိုင်ငံ ကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ မနေ့ကမှ ဖွင့်လိုက်တဲ့ Blue Vèrificątion Badge Page Security ဆိုတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာက ဖေ့စ်ဘွတ်ခ်အယောင်ဆောင်ပြီး သူတို့တိုက်ခိုက်ခိုးယူချင်တဲ့ တခြား စာမျက်နှာတွေဆီ စာတွေ ပေးပို့နေတာပါ။ အဲဒီစာမှာ ပါတဲ့ Google Site Link ကို ဝင်ရောက်ရင် ဖေ့စ်ဘွတ်ခ်လို့ ထင်ရအောင် တုပ ထားတဲ့ follow-service-your-account-pages.my[]id website ကို ရောက်သွားမှာဖြစ်ပြီး အကောင့်တွေရဲ့ စကားဝှက်တွေ ပြောင်းတာ၊ စာမျက်နှာ စီမံခန့်ခွဲနေသူတွေကို ဖယ်ရှားပစ်တာတွေ လုပ်နိုင်တာကြောင့် လုံးဝ မဝင်ကြည့်ကြဖို့ မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့က သတိပေးထားပါတယ်။ ဒီမနက်ပိုင်းမှာပဲ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ အပါအဝင် စာမျက်နှာပေါင်း ၂၄ ခုဆီကို အဲဒီလို စာတွေပေးပို့ ပစ်မှတ်ထားတိုက်ခိုက်တာ တွေ့ရတယ်လို့ ဆိုပါတယ်။ “အဲဒီကို ဝင်ကြည့်ရင် သူတို့ တိုက်ခိုက်ဖို့ ကြိုးစားထားတဲ့ ပေ့ဂျ်တွေကို တွေ့ရတယ်။ ဒီမနက်မှာပဲ စာပို့လာလို့ လိုက်ကြည့်တာပါ” လို့ မြန်မာနိုင်ငံ ကွန်ပျူတာ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ တိုက်ခိုက်ဖို့ ကြိုးစားထားတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေကတော့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ Oil and Gas Planning Department, Ministry of Electricity and Energy,Myanmar၊ ဖိလစ်ပိုင်သံရုံး (ရန်ကုန်)၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ The Myanmar Times - English Edition၊ လှုပ်လှုပ်ရှားရှား လူထုအားကစား၊ The Global New Light of Myanmar၊ International Committee of the Red Cross Myanmar၊ ERKE Myanmar၊ Yangon United Sports Complex၊ Hydro+၊ Myanmar National League၊ UNICEF Myanmar၊ Frontier Myanmar၊ UNFPA Myanmar၊ LIFT Myanmar၊ Miss Golden Land Myanmar၊ Myanmar Digital News၊ Myanmar's Pride Awards၊ Food and Drug Administration, Myanmar၊ One News Myanmar၊ Save the Children in Myanmar၊ Myanmar Computer Emergency Response Team – Mmcert တို့ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024