A d v e r t i s e m e n t With Us

ဘာလီဗုံးခွဲမှု နောက်ကွယ်က ကြိုးကိုင်သူ ဘာရှာ ပြန်လွတ်တော့မည်

FILE PHOTO: Indonesian radical Muslim cleric Abu Bakar Bashir enters a courtroom for the first day of an appeal hearing in Cilacap, Central Java province, January 12, 2016. REUTERS/Darren Whiteside
၂၀၀၂ ဘာလီဗုံးခွဲမှု နောက်ကွယ်က ကြိုးကိုင်သူ အစွန်းရောက်ဘာသာရေးဆရာ အဘူဘာကာဘာရှာရဲ့ အကျဥ်းကျကာလ ပြီးဆုံးသွားပြီဖြစ်လို့ အင်ဒိုနီးရှားအစိုးရက ဘာရှာကို ဒီသီတင်းပတ်နှောင်းပိုင်းမှာ ပြန်လွှတ်ပေးတော့မှာပါ။  အသက် ၈၂ နှစ် ရှိပြီဖြစ်တဲ့ ဘာရှာဟာ အယ်ကိုင်ဒါနဲ့ဆက်နွှယ်တဲ့ ဂျမား-အစ္စလာမ်မီးယား (JI) ကွန်ရက်က ဘာသာရေးခေါင်းဆောင် တစ်ဦးပါ။  JI အဖွဲ့ဝင်တွေဟာ လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့တဲ့ ၂၀၀၂ ဘာလီနိုက်ကလပ် ဗုံးခွဲမှုတွေကို ကျူးလွန်တယ်ဆိုပြီး စွပ်စွဲခံရပါတယ်။ ဘာရှာဟာ အာချေးပြည်နယ်မှာရှိတဲ့ စစ်သွေးကြွစခန်းတွေနဲ့ ဆက်နွှယ်မှုရှိတဲ့အတွက် ၂၀၁၁ မှာ ထောင်ကျခဲ့ပါတယ်။  အကျဥ်းဦးစီးညွှန်ချုပ်ရဲ့  ပြောခွင့်ရ အမျိုးသမီးက  “ဘာရှာကို အကျဥ်းကျ သက်တမ်းကုန်ဆုံးတာနဲ့အညီ ဇန်နဝါရီလ ၈ ရက်မှာ လွှတ်ပေးသွားမယ်”လို့  ပြောဆိုခဲ့ပေမယ့် စောစောစီးစီး လွှတ်ပေးတဲ့ အကြောင်းရင်းကို အကျယ်တဝင့် ရှင်းလင်းတာ မရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up