A d v e r t i s e m e n t With Us

ရွေးကောက်ပွဲတွင် မဲမသမာမှုပေါင်း ၁.၀၁ သန်းအထိရှိခဲ့ကြောင်း ကြံ့ခိုင်ရေးပါတီ စွပ်စွဲ

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုပေါင်း ၁.၀၁ သန်းအမှုအထိ တွေ့ရှိခဲ့တယ်လို့ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက စွပ်စွဲပြောဆိုလိုက်ပါတယ်။ ဇန်နဝါရီ ၅ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲမဲမသမာမှု တွေ့ရှိချက်တွေနဲ့ ပက်သက်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ရဲချုပ်ဟောင်း ဦးခင်ရီက စွပ်စွဲပြောဆိုလိုက်တာပါ။ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ မြို့နယ် ၃၁၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခေါင်းစဉ် ၂၆ မျိုးနဲ့ စိစစ်ခဲ့ရာမှာ အခုလို ၁.၀၁ သန်း ပမာဏရှိတဲ့ မဲမသာမှုပေါင်း တွေ့ရှိခဲ့တာလို့ ဦးခင်ရီက ဆိုပါတယ်။ ဒီလိုတွေ့ရှိချက်တွေအပြင် ရွေးကောက်ပွဲ ပြီးသွားပေမဲ့လည်း ရွေးကောက်ပွဲ မဲမသာမှုတွေကို နေ့စဉ် တွေ့ရှိနေရသေးတယ်လို့ ဦးခင်ရီက ပြောပါတယ်။ အခုလို မဲမသမာမှုတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ နိုင်ငံတော်သမ္မတဆီကို ဦးတိုက် လျှောက်ထားခဲ့ပေမဲ့လည်း ကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီတချို့ကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် မအောက်မေ့ပဲ အလေးထား တုံ့ပြန်ခဲ့ခြင်း မရှိတဲ့အပေါ် စိတ်မကောင်း ဖြစ်ရတယ်လို့ ကြံခိုက်ရေးပါတီ ဒုဥက္ကဋ္ဌ က ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up