Home
မြန်မာသတင်း
တိုင်း​ရင်း​သား​မဟာမိတ်နဲ့​အစိုး​ရ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲအတွက် ဒုတိယအကြိမ် ညှိနှိုင်း
အေးနိုင်
·
September 8, 2013
အစိုး​ရနဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင်မဟာမိတ်အကြား​ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲအတွက် အကြိုညှိနှိုင်း​ရာမှာ သ​ဘောတူညီချက်တစုံတရာမရရှိဘဲ အဆုံး​သတ်ခဲ့​ပါတယ်။ ဦး​အောင်မင်း​ဦး​ဆောင်တဲ့​ ပြည်​ထောင်စုငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​လုပ်ငန်း​ကော်မတီနဲ့​ နိုင်ဟံသာဦး​ ​ဆောင်တဲ့​ ညီညွတ်​သောတိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ (UNFC) တို့​က ကိုယ်စား​လှယ်​တွေ ထိုင်း​နိုင်ငံ ချင်း​မိုင်မြို့​က ​ဟောလီ​ဒေး​အင်း​ဟိုတယ်မှာ ​ဆွေး​နွေး​ကြတာပါ၊​ ဒီ​ဆွေး​နွေး​ပွဲမှာ အစိုး​ရဘက်က လာမယ့်​အောက်တိုဘာမှာ တနိုင်ငံလုံး​ အပစ်အခတ်ရပ်စဲ​ရေး​လက်မှတ်ထိုး​ရေး​ကို တင်ပြခဲ့​ပြီး​ ဒီအချက်ကို တိုင်း​ရင်း​သား​တွေဘက်က ပြည်နယ်အဆင့်​။ ပြည်​ထောင်စုအဆင့်​ လက်မှတ်​ရေး​ထိုး​ပြီး​ဖြစ်တာ​ကြောင့်​ ထပ်မံထိုး​ဖို့​ လိုအပ်မအပ် ​မေး​ခွန်း​ထုတ်ခဲ့​ပါတယ်။ အစိုး​ရဘက်က သ​ဘောတူတဲ့​အဖွဲ့​လာလက်မှတ်ထိုး​ဖို့​ တံခါး​ဖွင့်​ ထား​မယ့်​အ​ကြောင်း​ ​ပြောဆိုခဲ့​ပါတယ်။ အစိုး​ရဘက်က​တော့​ တနိုင်ငံလုံး​အတိုင်း​အတာ​ဆောင်တဲ့​ လက်မှတ်​ရေး​ထိုး​ပြီး​မှ သာနိုင်ငံ​ရေး​ဆွေး​နွေး​ပွဲ​တွေ စနိုင်မယ်လို့​ ​ပြောခဲ့​ပါတယ်၊​ ဒီနှစ်​ဖေ​ဖော်ဝါရီလတုန်း​က နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲအကြိုညှိနှိုင်း​ပွဲကို ချင်း​မိုင်မြို့​မှာ တကြိမ်ကျင်း​ပခဲ့​ဖူး​ပြီး​ နှစ်လအကြာမှာ ထပ်​တွေ့​ဖို့​ သ​ဘောတူခဲ့​ပေမယ့်​ ခုနှစ်လနီး​ပါး​အကြာမှ ဒုတိယအကြိမ် ပြန်​တွေ့​နိုင်ကြတာပါ၊​ ဒီက​နေ့​မှာ​တော့​ တတိယအကြိမ် ညှိနှိုင်း​ဆွေး​နွေး​ပွဲကျင်း​ပမယ့်​နေရာ​ကော အချိန်ပါ မ သတ်မှတ်နိုင်ဘဲ အစည်း​အ​ဝေး​အဆုံး​သတ်ခဲ့​ပါတယ်၊​ ​ဆွေး​နွေး​ပွဲမှာ ဆုံး​ဖြတ်ချက်တစုံတရာမချမှတ်နိုင်​ပေမယ့်​ တစ်ဘက်ရဲ့​လိုလား​ချက်ကို တဘက်က ပိုမိုနား​လည်​စေတဲ့​ တိုး​တက်ဖြစ်ထွန်း​မှုဖြစ်တယ် လို့​ နှစ်ဘက်​ခေါင်း​ဆောင်​တွေက ​ပြောပါတယ်၊​ [album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/unfc08092013/]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024