DVB Logo
Home
မြန်မာသတင်း
ဥပုသ်အလှူ ကြာဇံချက်က​နေ လူ(၁၅၀)​ကျော် အစာအဆိပ်သင့်
DVB
·
September 6, 2013
ဥပုသ်အလှူ ကြာဇံချက်က​နေ လူ(၁၅၀)​ကျော် အစာအဆိပ်သင့်
Donate to DVB

ဧရာဝတီတိုင်း​ ဒူး​ယား​တိုက်နယ်၊​ လိန်ကုန်း​ ဘုန်း​တော်ကြီး​ကျောင်း​တိုက်မှာ စက်တင်ဘာ ၄ ရက်​နေ့​က ဥပုသ်သည် ၁၅၀ ​ကျော် အစာအဆိပ်သင့်​ ဖြစ်ပွား​ခဲ့​ပါတယ်။ လိန်ကုန်း​ ဘုန်း​တော်ကြီး​ကျေင်း​တိုက်မှာ ဥပုသ်သီလယူဖို့​ လာ​ရောက်ကြသူ​တွေကို လိန်ကုန်း​ကျေး​ရွာ​နေ ဦး​စိုး​ဝင်း​၊​ ဦး​သန်း​အောင် နဲ့​ ဦး​သန်း​လှိုင် တို့​က ကြက်သား​ကြာဇံချက် ​ကျွေး​မွေး​လှူဒါန်း​ခဲ့​တာပါ။ မနက် ၈ နာရီ​လောက်မှာ လှူဒါန်း​ထား​တဲ့​ ကြာဇံဟင်း​ခါး​ကို ​သောက်လို့​ အဆိပ်သင့်​မှု​တွေ ဖြစ်ပွား​ခဲ့​တယ်လို့​ သိရပါတယ်။

"၈ နာရီ​လောက်ဆွမ်း​စား​တယ်၊​ စား​သောက်ပြီး​တော့​ တချက်တည်း​လောက်မှာ ဝမ်း​သွား​တာဘဲ၊​ ကြာဇံချက်​ပေါ့​၊​ စား​လဲစား​ပြီး​ရော မူး​ပြီး​တော့​ ဖြစ်တာ၊​ သွား​တာ​တော့​ တချက်ထိုး​လောက်က သွား​တာ၊​ အဲ့​က​နေမနား​တော့​ တညလုံး​သွား​တော့​တာ" လို့​ ပြင်ပလူနာ အဖြစ် ​ဆေး​ကုသမှုခဲယူ​နေတဲ့​ ​ဒေါ်နုနုတင်က ဆိုပါတယ်။

လူနာ​တွေကို​တော့​ ည​နေ ၅နာရီ​လောက်က ဒူး​ယား​ တိုက်နယ်​ဆေး​ရုံမှာ ကျန်း​မာ​ရေး​ ​စောင့်​ရှောက်မှု ​ပေး​နေပါတယ်။ ဒူး​ယား​တိုက်နယ်​ဆေး​ရုံမှာ စက်တင်ဘာ ၆ ရက် အထိ လူနာ ၁၉ ဦး​ ​ရောက်ရှိခဲ့​ပါတယ်။ လူနာ (၁၂)ဦး​ကို အတွင်း​လူနာအဖြစ် ကုသပြီး​ ပြင်ပလူနာအဖြစ် (၆)ဦး​ ကုသ​ပေး​ထား​ပါတယ်။ အသက် (၉ဝ)အရွယ်ရှိတဲ့​ ​ဒေါ်​အေး​သာ ကို​တော့​ ဟင်္သာတခရိုင်​ဆေး​ရုံကို လွှဲ​ပြောင်း​ပေး​ခဲ့​ရပါတယ်။

အစာအဆိပ်သင့်​တဲ့​ လူနာ​တွေကို ဒူး​ယား​တိုက်နယ် ပြည်သူ့​ဆေး​ရုံ နဲ့​ ဒူး​ယား​ တိုက်နယ် ​ကျေး​လက် ကျန်း​မာ​ရေး​ဌာန​တွေမှာ အနီး​ကပ် ကုသ​ဆောင်ရွက်​ပေး​နေပြီး​ ​လော​လောဆယ်မ​တော့​ ဘာ​ကြောင့်​ဖြစ်လာရတာလဲဆိုတာကို စစ်​ဆေး​နေတုန်း​ဘဲလို့​ ဆရာဝန်က​ပြောပါတယ်။

"ဖြစ်နိုင်တာက​တော့​ အ​ကောင်က​နေပြီး​ အဆိပ်ဖြစ်ဖို့​များ​တယ်။ ​လေ​လေဆယ်မ​တော့​ တိတိကျကျ ​ဆေး​စစ်တဲ့​ ဟာ​တွေ လုပ်​နေပါတယ်ဗျ။ မကြာခင်အ​ဖြေတိတိကျကျသိရမှာပါ"လို့​ ဒူး​ယား​တိုက်နယ် ဆရာဝန် ​ဒေါက်တာ​ဝေလင်း​ရှိန်က ဆိုပါတယ်။

လော​လောဆယ်မှာ​တော့​ လူနာ​တွေအား​လုံး​က ဝမ်း​သွား​တာ ၊​ ​အော့​အန်တာ​တွေလည်း​ မရှိ​တော့​ဘဲ အား​လုံး​ အ​ခြေအ​နေ​ကောင်း​ကြတယ်လို့​ ဆရာဝန်က​ပြောပါတယ်။

သတင်း​ဓါတ်ပုံ - ပြည့်​ဖြိုး​ icj(ဟင်္သာတ)

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/FoodPoison 06092013/]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013