A d v e r t i s e m e n t With Us

ပါကစ္စတန်တွင် သတ္တုတွင်းလုပ်သား ၁၁ ဦး အသတ်ခံရမှုအတွက် ဆန္ဒပြ

People from the Shiite Hazara community burn tires and block a road in protest of the killing of coal mine workers by unknown gunmen near the Machh coal field, in Quetta, Pakistan, Sunday, Jan. 3, 2021. Gunmen opened fire on a group of minority Shiite Hazara coal miners after abducting them, killing 11 in southwestern Baluchistan province early Sunday, a Pakistani official said. (AP Photo/Arshad Butt)
ပါကစ္စတန်နိုင်ငံ ကတ်တာမြို့က ဟာဇာရာ တိုင်းရင်းသားတွေဟာ သူတို့ လူ့အဖွဲ့အစည်းထဲက သတ္တုတွင်းတူးဖော်ရေးသမား ၁၁ ယောက် ဇန်နဝါရီ ၃ ရက်က အသတ်ခံရမှုနဲ့ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ကားတာယာတွေကို မီးရှို့ခဲ့ပါတယ်။ ကတ်တာမြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၁၀၀ လောက်အကွာက ဘိုလန်ခရိုင် မတ်ချ်ဒေသအတွင်း ကျောက်မီးသွေးတွင်းနားက စုပေါင်းလူနေအိမ်ခန်းထဲမှာ သတ္တုတွင်းသားတွေ အသတ်ခံခဲ့ရတာပါ။ တွင်းသားတွေဟာ လက်နောက်ပြန် ကြိုးတုပ်ခံထားရပြီး မျက်လုံးကိုလည်း စည်းထားခံရတဲ့ အပြင် လည်ပင်းတွေလည်း အလှီးခံထားရတယ်လို့ အမည်မဖော်တဲ့ လုံခြုံရေးအရာရှိတဦးကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ရှီးယိုက်မွတ်စလင် ဟာဇာရာ တိုင်းရင်းသားတွေအပေါ် အကြမ်းဖက်မှု တနှစ်နီးပါး အချိန်အတွင်း ခုလို တိုက်ခိုက်ခံရတာပါ။ ဧပြီလကလည်း ဈေးထဲမှာ အသေခံ ဗုံးခွဲမှုကြောင့် ဟာဇာရာ တိုင်းရင်းသား တဝက်လောက် အပါအဝင် လူ ၁၈ ယောက် သေဆုံးခဲ့ပါတယ်။ အပြစ်ကင်းတဲ့ ကျောက်မီးသွေးတွင်းသား ၁၁ ယောက်ကို သတ်ဖြတ်မှုဟာ သရဲဘောကြောင်ပြီး လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်ပဲလို့ ပါကစ္စတန် ဝန်ကြီးချုပ် အမ်ရမ်ခန်းက တွစ်တာလူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။ လူသတ်သမားတွေကို ဖမ်းဆီးဖို့ ရှိသမျှအရင်းအမြစ် အကုန်သုံးဖို့နဲ့ တရားစီရင်ဖို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို အမိန့်ပေးပြီးပြီလို့လည်း သူက ပြောပါတယ်။ ဒီလုပ်ရပ်ကို ဘယ်သူကမှ တာဝန်မခံသေးပါဘူး။ ဟာဇာရာ တိုင်းရင်းသားတွေကို ပါကစ္စတန်ရော အာဖဂန်နစ္စတန်ပါ နှစ်နိုင်ငံလုံးက တာလီဘန်တွေ၊ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ တခြား ဆွန်နီမွတ်စလင် စစ်သွေးကြွအုပ်စုတွေက မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်လေ့ ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up