Home
သတင်းဓာတ်ပုံ
အနာဂတ် ဝေဝါးနေဆဲ လှည်းကူးရောက် ရခိုင်စစ်ဘေးရှောင်များ (ဓာတ်ပုံ)
DVB
·
January 4, 2021
YMK18862
YMK18864
YMK18868
YMK18888
YMK18893
YMK18894
YMK18906
YMK18913
YMK18917
YMK18921
YMK18933
YMK19533
YMK19540
YMK19549
YMK19553
YMK19556
YMK19558
YMK19566
YMK19570
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ထွက်ပြေးတိမ်းရှောင်လာ ၁ နှစ်ကျော်ရှိပြီဖြစ်တဲ့ ရန်ကုန်တိုင်း လှည်းကူမြို့နယ် ဝက်အင်းပေါက်ကျေးရွာမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်မိသားစု ၃၀၀‌ ကျော်ရဲ့ ဘဝအနာဂတ် ဝေဝါးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်စခန်း တာဝန်ခံဖြစ်သူ ကိုအေးလှိုင်က “ခုတော့ ဒီနေရာလေးမှာ နေခွင့်ရနေတာပေါ့။ ခုဆိုရင် တစ်နှစ်ပြည့်ပြီးသွားပါပြီ။ ဒီက ခြံရှင်နဲ့ စာချုပ်တွေ ဘာတွေ ချုပ်ထားရတာပေါ့လေ။ ဟိုကိုပြန်ဖို့ကလည်း စိတ်မချရသေးဘူး။ စိတ်ပူနေသေးတယ်။ ဘာလုပ်ရမှန်းလည်း မသိဘူး။ ကလေးတွေ ပညာရေးအတွက်က ကိုဗစ်ဖြစ်နေတာတောင် ကျေးဇူးတင်ရမလို ဖြစ်နေပြီ။ အနာဂတ်ဆိုတာက အဝေးကြီးပါ၊ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာတောင် မသိသေးဘူး” လို့ ပြောပါတယ်။ တပ်မတော်နဲ့ အေအေတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေကြောင့် တိမ်းရှောင် ထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးရှောင်တွေဟာ ရခိုင်ပြည်နယ် ကျောက်တော်၊ ပုဏ္ဏားကျွန်၊ မြောက်ဦးနဲ့ အမ်းမြို့နယ်တွေက ဖြစ်ပြီး အိမ်ထောင်စု ၃၀၀ ကျော်ရှိပြီး ပညာသင်ကြားနေသူ ကလေးငယ်က ၄၀၀ ပါဝင်တယ်လို့ သိရပါတယ်။ စစ်ဘေးရှောင် ကိုမျိုးမင်းစိုးက “စားရေး သောက်ရေးကတော့ အလှူရှင်တွေ၊ များသောအားဖြင့် ဘာသာရေးကျောင်းတွေက လာလှူတာတွေ စားရတာပေါ့။ ကလေးတွေ ပညာရေးကတော့ ထွေထွေထူးထူး စဉ်းစားထားတာ မရှိသေးဘူး။ လောလောဆယ်တော့ ရေးတတ် ဖတ်တတ်အောင် သင်ပေးနေရပါတယ်” လို့ ပြောပါတယ်။ စစ်ဘေးရှောင်တွေဟာ လှည်းကူး ဝက်အင်းပေါက်ကျေးရွာကို ၂၀၁၉ နှစ်ဆန်းပိုင်းမှာ ရောက်ရှိလာကြတာဖြစ်ပြီး အခုဆို ၁ နှစ်ကျော်လာပြီ ဖြစ်ပေမယ့် အစိုးရဆီက တစုံတရာ အကူအညီ မရသေးဘူးလို့ ကိုအေးလှိုင်က ပြောပါတယ်။ လက်ရှိအချိန်မှာ စစ်ဘေးရှောင်မိသားစုတွေဟာ နေရပ်ပြန်ဖို့ အခက်အခဲတွေ ရှိနေသလို ရန်ကုန်မှာ ဆက်လက်ရပ်တည်ရမယ်ဆိုပါက စီးပွားရေး၊ လူမှုရေး၊ ပညာရေး အခက်အခဲတွေ ရှိနေပြီး အနာဂတ်ဟာလည်း ဝေဝါးနေကြဆဲ ဖြစ်ပါတယ်။ Photo - Ye Myo Khant / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024