လာမယ့်ရာသီမှာ ကွင်းလယ်လူ ပေါ့ဘာကို ရောင်းချသွားရန် မန်ယူအသင်း ပြင်ဆင်

261
မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ကွင်းလယ်လူ ပေါ့ဘာကို အပြီးသတ် ရောင်းချသွားတော့မယ်လို့ သိရပါတယ်။
အသင်းဘက်က သက်တမ်းတိုး ကမ်းလှမ်းထားပေမယ့် ပေါ့ဘာဘက်က လက်မခံခဲ့တာကြောင့် အခုနှစ်ရာသီအကုန်မှာ အရောင်းစာရင်းတင်ဖို့ မန်ချက်စတာယူနိုက်တက်အသင်းက ပြင်ဆင်ထားတယ်လို့ Daily Mirror သတင်းမှာ ဖော်ပြပါတယ်။
ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာ ကိုယ်တိုင်ကလည်း ပေါ့ဘာရဲ့ အနာဂတ်က မန်ယူနိုက်တက်အသင်းမှာ ပြီးဆုံးသွားပြီဖြစ်တယ်လို့ ပြောခဲ့ဖူးတာပါ။
ပေါ့ဘာကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ် အသင်းတွေက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ဂျူဗင်တပ်စ်အသင်းဘက်ကတော့ ပေါ့ဘာကို ခေါ်ယူဖို့ စီရော်နယ်ဒို သို့မဟုတ် ဒိုင်ဘားလားနဲ့ မက်လုံးပေး ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။