မိတ္ထီလာတွင် ယာဉ်တိမ်းမှောက်မှုကြောင့် ၂ ဦး သေဆုံး၊ ၅ ဦးဒဏ်ရာရ
DVB
·
January 2, 2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း မိုင်တိုင်အမှတ် ၀/၁ နဲ့ ၀/၂ အကြား အ.ထ.က (၁) ကျောင်းဆိုင်းဘုတ်အနီးမှာ ဇန်နဝါရီ ၁ ရက်နေ့ ၀၁း၂၀ အချိန်က ယာဉ်တိမ်းမှောက်မှုကြောင့် ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မိတ္ထီလာမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက် ဆောင်ရွက်ခဲ့ပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား ၇ ဦးအနက် ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅ ဦး (မစိုးရိမ်ရ) တို့အား မျိုးဆက်သစ်မြတ်ပါရမီ လူမှုကူညီရေးအသင်းက သူနာတင်ယာဉ်နဲ့ မိတ္ထီလာပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။