လော့ဒေါင်းချထားသည့် မိတ္ထီလာပြည်သာယာမြောက်ရပ်ကွက်တွင် လူနာသစ် ၄ ဦး ထပ်တွေ့
DVB
·
January 2, 2021
လော့ဒေါင်းချထားသည့် မန္တလေးတိုင်း၊ မိတ္ထီလာမြို့ မိတ္ထီလာပြည်သာယာ မြောက်ရပ်ကွက်မှာ ကလေး ၁ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၄ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ ခရိုင်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
ဒါ့အပြင် ဆည်အောင်ကုန်းရွာက ၁ ဦးလည်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ရောဂါ ထပ်တိုးလူနာ ၅ ဦးထဲမှာ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦး ပါဝင်တယ်လို့ ခရိုင်ကျန်းမာရေးဦးစီးဌာန တာဝန်ကျဝန်ထမ်း ၁ ဦးက ပြောပါတယ်။
ပြည်သာယာလူမှူကူညီရေးအသင်းမှ ကိုသူရလွင်ဦးက “ပြည်သာယာမြောက်ရပ်ကွက်ကို ဒီဇင်ဘာ ၁၄ ရက်နေ့ကစပြီး အသွားအလာကန့်သတ် လော့ဒေါင်းချထားတာပါ။ ထပ်တွေ့တာက ကလေး ၂ ဦးပါတဲ့ ကိုဗစ်လူနာ ၄ ဦး တွေ့ပါတယ်။ ၁ နှစ် ၈ လသား ယောကျာ်းလေး ၁ ဦးနဲ့ ၁၂ နှစ်မိန်းကလေး ၁ ဦး ပါပါတယ်။ ပြည်သာယာမြောက်ရပ်ကွက်မှာ ကိုဗစ် positive တွေ့တာ ၂၄ ဦး ရှိပါပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။
မိတ္ထီလာခရိုင်ဆေးရုံ သီးသန့်လူနာဆောင်မှာ ပြည်သာယာမြောက်ရပ်ကွက်က ၉ ဦး အပါအဝင် ကိုဗစ်-၁၉ လူနာ ၂၄ ဦး ဆေးကုသမှူခံယူနေပါတယ်။
ဓာတ်ခွဲအတည်ပြုလုနာပေါင်း ၂၂၉ ဦးရှိတဲ့အနက် ၂၀၃ ဦး ရောဂါပျောက်ကင်းလို့ ဆေးရုံက ဆင်းသွားခဲ့ပြီး အမျိုးသမီးကိုဗစ်လူနာ ၁ ဦး သေဆုံးခဲ့ပါတယ်။
သတင်း-မောင်မောင်လင်း၊ ဓာတ်ပုံ-ပြည်သာယာလူမှုကူညီရေးအသင်း