ကမ္ဘာကျော် BTS အဖွဲ့ အွန်လိုင်း ဖျော်ဖြေပွဲလုပ်

ကမ္ဘာကျော် တောင်ကိုရီးယား K-Pop အဖွဲ့ BTS ဟာ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညက အွန်လိုင်းကနေ ဖျော်ဖြေပွဲပြုလုပ်သွားပါတယ်။  နှစ်သစ်ကူးည  ဖျော်ဖြေပွဲကို  BTS ဟာ TXT နဲ့  GFRIEND တို့အပါအဝင်  တခြား အ K-Pop အဖွဲ့တွေနဲ့အတူ လုပ်ခဲ့တာပါ။  ဆိုးလ်မြို့ရဲ့ အနောက်မြောက်ဘက် ဂိုယန်းအရပ်မှာလုပ်တဲ့  ဒီဖျော်ဖြေပွဲကို မူလက အွန်လိုင်းနဲ့ အော့ဖ်လိုင်း တပြိုင်နက် လွှင့်ဖို့ စီစဉ်ထားပေမဲ့  တောင်ကိုရိးယားမှာ ကိုဗစ်ကူးစက်မှု အသစ်တွေ တိုးလာတာမို့ ပရိသတ်လာကြည့်ခွင့်ကို ဖျက်သိမ်းခဲ့ပါတယ်။  ဒီအွန်လိုင်းဖျော်ဖြေပွဲနဲ့အတူ  BTS ဟာ   ဘီလ်ဘုတ် ဇယားမှာ နံပါတ် ၁ သုံးကြိမ်နဲ့ ဂရမ်မီဆုရတဲ့ ပထမဆုံး  K-pop အဖွဲ့ဖြစ်လာပြီး  ၂၀၂၀ စံချိန်တင်နှစ်တစ်နှစ်ကို  ဖြတ်သန်းခဲ့ တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up