Home
မြန်မာသတင်း
ရန်ကုန်တိုင်း အင်္ဂပူဂိတ်တွင် ၅ ရက်ဆက်တိုက် ကိုဗစ်-၁၉ ပိုး မတွေ့
DVB
·
January 1, 2021
134486393_876285779790724_1029057396515383925_o
ရန်ကုန်တိုင်းဒေသကြီး၊ အင်္ဂပူစစ်ဆေးရေးဂိတ်မှာ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ကိုဗစ်-၁၉ ရှိ မရှိ စစ်ဆေးပေးနေပြီး ပိုးမတွေ့တာ ၅ ရက်ရှိသွားပြီလို့ သိရပါတယ်။ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နဲ့ ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်စပ် အင်္ဂပူစစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာ ၂၇ ရက်ကနေ ၃၁ ရက်အထိ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို စစ်ဆေးရာမှာ ကိုဗစ်-၁၉ ပိုးတွေ့သူ မတွေ့ရှိခဲ့တာပါ။ အခုရက်ပိုင်းအတွင်း ရောဂါကူးစက်မှုကျဆင်းလာတာဟာ ပြည်သူတွေ ပါးစပ်နှာခေါင်းစည်းတပ်ဆင်သလို လက်ဆေးတဲ့အလေ့အကျင့်ရှိလာတာ‌ကြောင့် ဖြစ်တယ်လို့ ကွမ်းခြံကုန်းမြို့၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်သူ  ဦးဝေယံစိုးဝင်းက ပြောပါတယ်။ အင်္ဂပူစစ်ဆေးရေးဂိတ်မှာ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ကိုဗစ်-၁၉ ပိုး ရှိမရှိ RDT Test Kit နဲ့ ‌အောက်တိုဘာ ၂၆ ရက်ကနေ ကျပ် ၁၀,၀၀၀ နှုန်းနဲ့ စတင်စစ်ဆေးပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၃၁ ရက်အထိ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၃,၀၆၈ ယောက်အထိ စစ်ဆေး‌ပေးခဲ့ပြီးဖြစ်ကာ ၃၉ ယောက် ရောဂါပိုးတွေ့ရှိခဲ့ပြီး တစ်ရက်ကို ပျမ်းမျှ အယောက် ၄၀ လောက် စစ်ဆေးရတယ်လို့ သိရပါတယ်။ သတင်း- လွင်မိုးအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024