A d v e r t i s e m e n t With Us

မန်စီးတီးနောက်ခံလူ ဂါစီယာ ဘာစီလိုနာတွင်  ၅ နှစ်ကစားမည်

မန်စီးတီးနောက်ခံလူ အဲရစ်ဂါစီယာဟာ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင် ရာ သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။  အသက် ၁၉ နှစ်ရှိ စပိန်ဗဟိုနောက်ခံလူကို မန်စီးတီးဘက် သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ အဲရစ်ဂါစီယာဘက်က လက်မခံခဲ့တာပါ။  လက်ရှိအချိန်မှာတော့ ဘာစီလိုနာကို ၅ နှစ်စာချုပ်နဲ့ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရရှိခဲ့ပြီး မန်စီးတီးနဲ့ နောက်ဆုံးအဆင့် ဆွေးနွေးဖို့ပဲ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာကြောင့် အခုနှစ်မှာ ရောင်းချနိုင်ခြင်း မရှိခဲ့ရင်တော့ ၂၀၂၁ ဇွန်လမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးရဖို့ ရှိနေတာဖြစ်ပါတယ်။ ဂါစီယာဟာ ၂၀၁၇ ခုနှစ်က ဘာစီလိုနာကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းဟောင်းဆီ ပြန်လည် ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့သြဂုတ်လတုန်းက ဂါစီယာဟာ သက်တမ်းတိုးလိုတဲ့ ဆန္ဒမရှိဘဲ တခြားအသင်းမှာ ကစားချင်နေတယ်လို့ နည်းပြ ဂွါဒီယိုလာ ကိုယ်တိုင် ထုတ်ဖော်ပြောခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up