Monday, June 5, 2023
HomeLead Storyကိုဗစ်ဒုတိယလှိုင်းကာလ မြန်မာနိုင်ငံသား ၃,၀၀၀ ကျော်ကို တရုတ်က ပြန်လွှဲပေး

ကိုဗစ်ဒုတိယလှိုင်းကာလ မြန်မာနိုင်ငံသား ၃,၀၀၀ ကျော်ကို တရုတ်က ပြန်လွှဲပေး

ကိုဗစ်ဒုတိယလှိုင်းအတွင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးတဲ့ မြန်မာနိုင်ငံသား ၃,၀၀၀ ကျော်ရှိတယ်လို့ မူဆယ် တရုတ်ကျောင်း ကွာရန်တင်းစင်တာမှ ထောင်လွှဲ တာဝန်ခံ ဦးမန်းမျိုးမြင့် ကဒီဗွီဘီကို ပြောပါတယ်။

တရုတ်နိုင်ငံမှာ အကြောင်းအမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသား လွှဲပြောင်းပေးခဲ့တဲ့ အရေအတွက်ဟာ  အခုနှစ် မေလ  မှ ဒီဇင်ဘာလကုန်အထိ အမျိုးသား ၂,၃၃၉ ယောက်နဲ့ အမျိုးသမီး ၁,၅၅၇ ယောက် စုစုပေါင်း ၃,၅၉၆ ယောက် ရှိတယ်လို့လည်း  ပြောပါတယ်။

တရုတ်နိုင်ငံမှာ တရားမဝင်ခိုးဝင်မှု၊  လဝကမှု၊ မူးယစ်မှု၊ လူကုန်ကူးခံရမှုနဲ့ တခြားအမှုတွေနဲ့ ဖမ်းဆီး ထိန်းသိမ်းခံရတာဖြစ်ပြီး အသက် ၁၇ နှစ်မှ ၆၃ နှစ်ထိ ရှိကြကာ ဖမ်းဆီးထိန်းသိမ်း ခံရတဲ့ကာလ နှစ်ရက် သုံးရက်မှ အနှစ် ၂၀ အထိကြာမြင့်ခဲ့သူတွေဖြစ်ကြပါတယ်။

တရုတ်နိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား တွေကို အပတ်စဉ် သောကြာနေတိုင်း လွှဲပြောင်းပေးနေပြီး ၂၀၂၀ ဒီဇင်ဘာလ နောက်ဆုံးအပတ်နဲ့ ၂၀၂၁ ဇန်နဝါရီလ ပထမအပတ် သောကြာနေ့ တို့မှာတော့ အကျဉ်းသားများ လွှဲပြောင်းခြင်းကို ခေတ္တ ရပ်ဆိုင်းထားပါတယ်။

သတင်း- Pra Jaw

RELATED ARTICLES
- Advertisment -
Google search engine

Most Popular