DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story ငြိမ်းချမ်းရေး စစ်ရေး စီးပွားရေး လူမှုရေး သတင်း

တိုင်းရင်းသားလက်နက်ကိုင်များ အန်စီအေ လမ်းကြောင်းကို မလွဲမသွေလျှောက်လှမ်းရန် ကာချုပ် တိုက်တွန်း 

ဓာတ်ပုံ- DSINFO
  • By DVB
  • 1 January 2021
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

၂၀၂၀ ပြည့်နှစ်အလွန်ကာလမှာ  နိုင်ငံတော်ကို ဒီမိုကရေစီနဲ့  ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့   နိုင်ငံရေး လမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့  အန်စီအေ လမ်းကြောင်းကို မလွဲမသွေလျှောက်လှမ်းကြရမှာ ဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားလိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာကျရောက်တဲ့   နိုင်ငံတကာ နှစ်သစ်ကူးနေ့ နှုတ်ခွန်းဆက်အမှာစကားပြောကြားရာမှာ  ထည့်သွင်းပြောဆိုသွားတာပါ။

ထာဝရငြိမ်းချမ်းရေးရရှိမှသာ တိုင်းပြည်အေးချမ်း သာယာမှုရှိပြီး မိမိတို့ဒေသ၊ မိမိတို့ရဲ့ အနာဂတ်မျိုးဆက်သစ် ကလေးသူငယ်တွေရဲ့  လူမှုဘဝဖွံ့ဖြိုးတိုးတက်မယ် ဆိုတာကို မျှော်တွေးဆောင်ရွက်သွားကြစေလိုတယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

တပ်မတော်အနေနဲ့    တိုင်းရင်းသားညီအစ်ကို မောင်နှမတွေနဲ့ လက်တွဲပြီး      ထာဝရငြိမ်းချမ်းရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ကြဉ်းလုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။

တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်စေဖို့ ငြိမ်းချမ်းရေးကို အနှောင့်အယှက်၊ အဟန့်အတားဖြစ်စေမယ့် ဘယ်ကိစ္စမဆို ရှောင်ရှားပြီး ထာဝရငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေ ၅ ခုမှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်ကစပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ၂ နှစ်ကြာ    အပစ်အခတ်ရပ်စဲပေးခဲ့တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

တပ်မတော်အနေနဲ့ COVID-19 ကာကွယ်၊ ကုသရေးနဲ့ ပတ်သက်ပြီး ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက ဘက်စုံ ထောင့်စုံကနေ မျက်ခြည်မပြတ်စောင့်ကြည့်ပြီး လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးနေကြောင်း၊ ခုအခါ ကပ်ရောဂါဖြစ်ပွားမှု မြန်မာနိုင်ငံမှာ ကျဆင်းလာတယ်ဆိုပေမယ့်လည်း ပေါ့ဆလို့တော့ မရပါကြောင်းနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လိုက်နာရန်အချက်တွေကို အလေးထားလိုက်နာဆောင်ရွက်ခြင်းဟာ  ရောဂါဖြစ်ပွားမှု  ထိန်းချုပ်ခြင်းနဲ့ လျော့နည်းပပျောက်ရေးအတွက် များစွာအကျိုးရှိစေမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးအဓိက ထုတ်လုပ်တဲ့နိုင်ငံဖြစ်လို့ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးထုတ်ကုန်တွေ၊ မွေးမြူရေးလုပ်ငန်းတွေ စတဲ့ ရနိုင်တဲ့နယ်ပယ်အသီးသီးမှာ အားသွန်ခွန်စိုက် လုပ်ဆောင်ခြင်းအားဖြင့် လူသားအားလုံးအကျိုး ဖြည့်ဆည်းပေးနိုင်တဲ့အပြင် တိုင်းပြည်ရဲ့ လူမှုစီးပွားလည်း တိုးတက်လာမှာဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်က ပြောသွားပါတယ်။  

Tags: ကာချုပ် တိုက်တွန်းတိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့၏ တိုက်ခိုက်မှု တရုတ်နိုင်ငံ ဆန့်ကျင်မလွဲမသွေလျှောက်လှမ်းအန်စီအေ လမ်းကြောင်း

  • Previous story ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးရန် ကြိုးပမ်းမည်ဟု သမ္မတ နှစ်သစ်မိန့်ခွန်းပြော
  • Next story ၂၀၂၀ ပြည့်နှစ်က ထူးခြားပြီး မမေ့နိုင်စရာဖြစ်ခဲ့ဟု  လီဗာပူးနည်းပြပြော
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      ပုဏ္ဏားကျွန်းမြို့ စက်မှုဇုန်ကွင်း စစ်ဘေးရှောင်စခန်း အကူအညီလိုအပ်နေ (ဓာတ်ပုံ)

    • gallery

      ကမာအောင်စက်တပ်သမ္ဗာန်အဖွဲ့၏ စုကြေးငွေရှင်းတမ်း အမြန်ဖြေရှင်းပေးရန် ဆန္ဒပြ (ဓာတ်ပုံ)

    • gallery

      နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါ သတိပေးအရုပ် စိုက်ထူ

    • gallery

      အိန္ဒိယက လက်ဆောင်ပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ မြန်မာပြည်ရောက်ရှိ (ဓာတ်ပုံ) 

    • gallery

      ပန်းချီသိုးထိန်းရဲ့ Disillusionment တကိုယ်တော်ပန်းချီပြပွဲ (ဓာတ်ပုံ) 

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 မကွေးမြို့နယ်တွင် တရားမဝင် ဝက်ပေါ်နေမှုကို ဖမ်းဆီးရာက ရုန်းရင်းဆန်ခတ်ဖြစ်
    • 02 နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်စေရေး နည်းလမ်းရှာဖြေရှင်းပေးရန် တပ်မတော် တောင်းဆို 
    • 03 ရေးမြစ်ထဲသို့ ကား ၁ စီး ထိုးကျပြီး အမျိုးသား ၂ ဦး ရေနစ်သေဆုံး
    • 04 တပ်မတော်ထောက်ခံပွဲ ဒေသခံတိုင်းရင်းသားများ၏ သဘောဆန္ဒမပါဟု ရှင်းလင်း
    • 05 မြန်မာနိုင်ငံ၏ ပထမဆုံးရှမ်းအမျိုးသမီးလေယာဉ်မှူး နန်းရွှန်းအိနှင့် မေးမြန်းချက်
    • 01 အင်ဒိုနီးရှားရှိ စေမေရူမီးတောင် ပေါက်ကွဲမှုကြောင့် မီးခိုးတိမ်တိုက်များလွင့်
    • 02 မော်လမြိုင်တွင် စိတ်ကြွဆေးပြား ၆ သိန်းကျော်ထိ စံချိန်တင်ဖမ်းမိ
    • 03 ရခိုင်နှင့်ဧရာဝတီကို ချိတ်ဆက်မည့် ၉၇ မိုင်ဝန်းကျင် မြေသားလမ်း စတင်
    • 04 ဝါရှင်တန်ဒီစီမြို့ကို အသွားအလာ ပိတ်ဆို့ကန့်သတ်
    • 05 မြန်မာနိုင်ငံတွင် ကူးစက်မြန်ဗီဇပြောင်းဗိုင်းရပ်စ်မျိုး ထွက်လာနိုင်ဟု ဝန်ကြီးပြော
    • 01 မော်လမြိုင်တွင် စိတ်ကြွဆေးပြား ၆ သိန်းကျော်ထိ စံချိန်တင်ဖမ်းမိ
    • 02 ကောလင်းမြို့မဈေးတွင် ကိုဗစ်ပိုးတွေ့သဖြင့် ဈေးအားလုံး ယာယီပိတ်
    • 03 ကိုဗစ်-၁၉ လူနာသစ် ၅၀၇ ဦး၊ သေဆုံးသူ ၁၄ ဦးထပ်တိုး  
    • 04 တ၀မ်းတခါးအတွက် နေလောင်ဒဏ်ကို အန်တုသူများ
    • 05 ကျောက်ဆည်မြို့မရဲစခန်းတွင် အချုပ်တရားခံ ၁၄ ဦးနှင့် ရဲဝန်ထမ်း ၁ ဦး ကိုဗစ်ပိုးတွေ့
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.