Home
မြန်မာသတင်း
ခန္တီးမြို့တွင် တပ်မတော်ထောက်ခံပွဲပြုလုပ်  (ဓာတ်ပုံ) 
DVB
·
December 31, 2020
134652159_2738195623162010_7172735727256034679_n
133202512_2738195513162021_3362583560524522065_n
132993596_2738195596495346_1929251058024673815_n
132832836_2738195563162016_4705772286520182651_n
134112058_2738207459827493_8523332299199496464_n
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မှာ  ဒီဇင်ဘာလ ၃၁ ရက် ဒီနေ့ မနက်ပိုင်းက တပ်မတော် ထောက်ခံပွဲတစ်ခု မြို့တွင်းလှည့်လည်  ပြုလုပ်ခဲ့သွားပါတယ်။  တပ်မတော်အားမငယ်စေဖို့အတွက် တပ်မတော်ကိုချစ်တဲ့ ပြည်သူတစ်ယောက်အနေနဲ့  ဒီထောက်ခံပွဲကိုလုပ်တာလို့ ဦးဆောင်သူ ဒေါ်မာမာခိုင်က  ပြောပါတယ်။ “ကျမတို့က ဘာပဲဖြစ်ဖြစ် တပ်မတော်နဲ့အတူ ရပ်တည်မယ်။ တပ်မတော်က ပြည်သူလူထု အသက်အိုးအိမ်တွေ အကာကွယ်ပေးနေတယ်။ အခုလက်ရှိအချိန်မှာ မြန်မာတပ်မတော်က မြန်မာနိုင်ငံအတွက် အများကြီးကောင်းကျိုးပေးနေတယ်။ အရင်ကတော့ အာဏာရှင်ဆန်တာ လုပ်ခဲ့တာတွေရှိမယ့် အခုချိန်မှာ တပ်မတော်က ပြုပြင်ပြောင်းလဲလာတယ်။ ဒါတွေကို ပြည်သူတွေသိမှာပဲ။ အခုက  ပြည်တွင်းပြည်ပအဖွဲ့စည်းတွေက တပ်မတော်ကို သမိုင်းဆိုးဖြစ်အောင် လုပ်နေတယ်။ ဒါကြောင့် ဒီထောက်ခံပြုလုပ်တာ။ ကျမတို့ အမျိုးသားရေးသမားတွေ တပ်မတော်ကို သိစေချင်တယ်။ ဒါကြောင့်တပ်မတော်အနေနဲ့ အားမငယ်ပါနဲ့” လို့ ဒေါ်မာမာခိုင်က ပြောပါတယ်။ တပ်မတော်ထောက်ခံပွဲကို ခန္တီးမြို့ ဗိုလ်ချုပ်ကြေးရုပ်ကနေစတင်ပြီး  စျေးလမ်းကမ်းနား  လေယာဉ်ကွင်းဘက် စစ်တပ်အပြင်ဘက်အထိ စီတန်းလှည့်လည်ခဲ့ပြီး လူဦးရေ ၃၀ လောက်ပါဝင် တယ်လို့ သိရပါတယ်။  အောင်ဆန်းမြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024