DVB Logo
Home
မြန်မာသတင်း
ဟားခါးအလှမယ် သူဇာဝင့်လွင် မယ်စကြဝဠာမြန်မာသရဖူ ဆွတ်ခူးရရှိ
DVB
·
December 31, 2020
ဟားခါးအလှမယ် သူဇာဝင့်လွင် မယ်စကြဝဠာမြန်မာသရဖူ ဆွတ်ခူးရရှိ
Donate to DVB

မနေ့ညက ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံကိုယ်စားပြု မယ် စကြဝဠာ အလှမယ်ပြိုင်ပွဲမှာ အလှမယ် သူဇာဝင့်လွင်က သရဖူဆွတ်ခူးရရှိသွားခဲ့ပါတယ်။

       အသက် ၂၂ နှစ်အရွယ် သူဇာဝင့်လွင်ဟာ ဟားခါးကိုယ်စားပြုအလှမယ်အနေနဲ့ ဝင် ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး Miss Universe Myanmar ဆုအပြင် Title ဆုတွေအနေနဲ့ Miss Healthy Skin ဆု၊ Miss Photogenic ဆု၊ Miss Dentiste ဆု၊ Best in Evening Gown ဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး Title ဆုအများဆုံးဆုရှင်လည်း ဖြစ်ခဲ့ပါတယ်။

အခုနှစ်ရဲ့ နောက်ဆုံးအဆင့် Grand Final ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံအနှံ့ မြို့ နယ်တွေက ကိုယ်စားပြုအလှမယ် ၁၅ ယောက် ပါဝင်ခဲ့တာဖြစ်ပြီး First Runner Up ဆု ကို မြဝတီကိုယ်စားပြုအလှမယ် ဟန်လေး၊ Second Runner Up ဆုကို မြစ်ကြီးနား ကိုယ်စားပြုအလှမယ် မေသဇင်ဦး၊ Third Runner Up ဆုကို ရန်ကုန်(တောင်ပိုင်း) ကိုယ် စားပြုအလှမယ် ရေချယ်လ်၊ Fourth Runner Up ဆုကို ပုသိမ်ကိုယ်စားပြုအလှမယ် မြ စမ်းသီတာ၊ Fifth Runner Up ဆုကို ဗန်းမော်ကိုယ်စားပြုအလှမယ် နော်ခရစ္စတင်းတို့က အသီးသီး ဆွတ်ခူးရရှိသွားခဲ့တာ ဖြစ်ပါတယ်။

       မနှစ်က ကျင်းပတဲ့ ၂၀၁၉ ခုနှစ် မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲမှာတော့ ဘားအံ ကိုယ်စားပြု အလှမယ် ဆွေဇင်ထက်က အလှမယ်သရဖူကို ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံတကာ မှာ သွားရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲမှာ အလှမယ်သရဖူကို မိုးစက်ဝိုင်က ရရှိခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ သျှားထွဋ်အိန္ဒြာ၊ ၂၀၁၅ ခုနှစ်မှာ မေဘရဏီသော်၊ ၂၀၁၆ ခုနှစ်မှာ ထက်ထက်ထွန်း၊ ၂၀၁၇ ခုနှစ်မှာ ဇွန်သံစဉ်၊ ၂၀၁၈ ခုနှစ်မှာ နှင်းသွေးယုအောင်၊ ၂၀၁၉ ခုနှစ်မှာ ဆွေဇင်ထက်တို့က ရရှိခဲ့ကြတာမို့ သူဇာဝင့်လွင်ကတော့ ၈ ယောက်မြောက် မြန်မာနိုင်ငံ ကိုယ်စားပြု မယ်စကြဝဠာအလှမယ် ဖြစ်လာခဲ့တာပါ။

၂၀၁၆ ခုနှစ်က မယ်စကြဝဠာအလှမယ်ပြိုင်ပွဲ အမျိုးသားဝတ်စုံပြိုင်ပွဲမှာတော့ မြန်မာကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ထက်ထက်ထွန်းက ရုပ်သေးမင်းသမီးနဲ့ ဆိုင်းဝိုင်းအပြင်အဆင်တင်ဆက်မှုနဲ့ ပထမဆုံးအကြိမ် ဆုရရှိခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013